အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် AGD Bank သည် ရန်ကုန်မြို့ရှိ ကားအရောင်းစင်တာများနဲ့ ချိတ်ဆက်၍ Hire Purchase ဝယ်ယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ကားကုမ္ပဏီ ၄ခုဖြင့် ပူးပေါင်းညှိနှိုင်းပြီးဖြစ်သည့်အတွက် မိတ်ဆွေတို့ကားဝယ်လိုသူများ အရစ်ကျငွေပေးချေစနစ်ဖြင့် အောက်ပါ ကုမ္ပဏီများမှ လူစီးယာဉ်ငယ်များ စတင်ဝယ်ယူနိုင်ပါပြီ။
၁။ Fuji Yama Service Co.,ltd
အမှတ်(၉)၊အေးရိပ်မွန်လမ်း၊ (၃)ရပ်ကွက်၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ဖုန်း ဝ၁-၅၃၁၃၇၃၊ ဝ၁-၅၁၂၉၂၁
အမှတ် (၁၅၈)၊ ရန်ကုန်-အင်းစိန်လမ်း၊ကမာရွတ်မြို့နယ်။ (ဆင်ရေတွင်းမှတ်တိုင်အနီး) ဖုန်း ဝ၁-၅၃၆၉ ၅၉
အမှတ်(၆၈)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း ဝ၁-၆၈၅ဝ၄၉
၂။ Garmanit Trading Co.,ltd
အမှတ် ၇၅-စီ၊ အေးရိပ်သာ ၁လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်။
ဖုန်း ၅၄၇၅၃၈၊ ၅၅၇၆၇၇
၃။ Aung Gyi Trading Co.,ltd
အမှတ် ၁၅၃၊ မောင်သန်လမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်။
ဖုန်း – ၆၁၃၆၂၁၊ ၆၁၇၁ဝ၁၊ ဝ၉-၅၅ဝ၅၈၆၂
၄။ ရွှေရမှုံ
အမှတ်၂၉၊ ပြည်လမ်း၊ ၇မိုင်၊ မရမ်းကုန်း။
ဖုန်း ဝ၁ ၆၅၆၇ဝ၈
Hire Purchase အကြောင်းအသေးစိတ်ကို သိလိုလျှင် AGD Bank ၏ Facebook Notes တွင် သွားရောက်လေ့လာနိုင်ပါသည်။
ဝယ်ယူလိုသည့်ပစ္စည်းအတွက် မည်မျှပေးချေရမည်ကိုလည်း ဤလင့်ခ်တွင်သွားရောက်တွက်ချက်နိုင်ပါသည်။ လူတိုင်း သက်သက်သာသာဖြင့် ကားဝယ်နိုင်မည့် အထက်ပါအခွင့်အလမ်းများအားလုံးကို MyanmarCarsDB မှ ကြိုဆိုပါသည်။ အခြားဘဏ်များအနေဖြင့်လည်း အလားတူ အစီအစဉ်များပြုလုပ်ပေးရန် မျှော်လင့်ပါသည်။
— MyanmarCarsDB Editor