ကားအရောင်းစင်တာများ ယာဉ်တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှုအား ဧပြီလ ၁ ရက်နေ့မှစတင်၍ model ၊  year ပြောင်းလဲပြင်ဆင်ခြင်းနှင့် ဈေးနှုန်းပြောင်းလဲပြင်ဆင်ခြင်း ခွင့်ပြုတော့မည်မဟုတ်

0

Full article

ကားအရောင်းစင်တာများတွင် ယာဉ်တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှုအား ဧပြီလ ၁ ရက်မှစ၍ model ၊ year ပြောင်းလဲပြင်ဆင်ခြင်းနှင့် ဈေးနှုန်းပြောင်းလဲပြင်ဆင်ခြင်း ခွင့်ပြုတော့မည် မဟုတ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီမှ အသိပေးကြေညာထားရှိသည်။

"ဧပြီ ၁ ရက်ကစပြီး ကားအရောင်းစင်တာတွေ တင်သွင်းခွင့်လိုင်စင် လျှောက်ထားတင်ပြတာကို စာလုံးပေါင်းသက်ပုံကိုသာ ပြင်ဆင်ပေးမှာပါ။ Brand name ပြင်ဆင်တာတွေ၊ sub brand name ပြင်ဆင်တာတွေ၊ ဈေးနှုန်းပြင်ဆင်တာတွေကို ခွင့်မပြုတော့တာကို အသိပေးကြေညာတာပါ။" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မော်တော်ယာဉ် အရောင်းစင်တာများအနေဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်အား ပြင်ဆင်ချက်များ လျှောက်ထားရာတွင် စားလုံးပေါင်းမှားယွင်းမှုကိုသာ ပြင်ဆင်ခွင့်ပြုသွားမည်ဖြစ်ရာ ဈေးနှုန်းပြောင်းလဲခြင်း၊ မော်တော်ယာဉ်အမျိုးအစား ပြောင်းလဲပြင်ဆင်ခြင်းနှင့် model ၊ year ပြောင်းလဲပြင်ဆင်ခြင်းတို့အတွက် သွင်းကုန်လိုင်စင်အပ်နှံ၍ နှစ်အလိုက်သတ်မှတ်ထားသည့် model ၊ year အတိုင်းလျှောက်ထားခြင်းကိုသာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားရှိသည်။

Author