ကုမ္ပဏီအမည်ဖြင့် သိန်း ၃ဝဝ အထက်လူစီးကား တင်သွင်းပါက ကြိုတင်ဝင်ငွေခွန် ၃ နှစ်စာ ပေးဆောင် ထားမှ ပါမစ်ခွင့်ပြုမည်

0

Full article

Photo Credit

ကုမ္ပဏီအမည်ဖြင့် သိန်း ၃ဝဝ အထက် လူစီးကား တင်သွင်းပါက ကြိုတင်ဝင်ငွေခွန် ပေးဆောင်မှု ၃ နှစ်ရှိမှ သာ ပါမစ်ခွင့်ပြုပေးသွားမှာ ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

ကုမ္ပဏီလိုင်စင်နှင့် လူစီးကားလျှောက်ထားခြင်းတွင် ကုမ္ပဏီတစ်ခုကို တစ်စီးသာ တင်သွင်းခွင့်ပြုပြီး ကြို တင်ဝင်ငွေခွန် ပေးဆောင်ရမှု ကွာဟနေသည့်အတွက် ကျပ် သိန်း ၃ဝဝ အထက် ကားတင်သွင်းမည် ဆို ပါက ၃ နှစ်စာ အခွန်ပေးဆောင်ထားမှုရှိသော ကုမ္ပဏီကိုသာ လိုင်စင်ပါမစ်ခွင့်ပြုပေးသွားမည်ဖြစ်သည်။

"ကုမ္ပဏီနာမည်နဲ့ လူစီးကားလျှောက်ရင် သိန်း ၃ဝဝ အထက်ကားဆိုရင် ကြိုတင်ဝင်ငွေခွန် သိန်း ၃ဝဝ နဲ့ ညီမျှတဲ့ အခွန်ပြရပါမယ်။ အရင်က ဝင်ငွေခွန် ၁၅ သိန်း ပဲဆောင်ရတယ်။ သိန်း ၃ဝဝ ကျော်သွားတာနဲ့ အခွန်က လည်း ၃ နှစ်ဆက်တိုက်အခွန်တွေ ပြရမှာဖြစ်ပါတယ်။" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခေတ်သစ်

Unicode Version





Author