Mazda Myanmar ရဲ့ Mazda is FIVE အခမ်းအနားနှင့်အတူ အရောင်းပြပွဲကို Myanmar Plaza ၌ကျင်းပပြုလုပ်

0

Full article

"Mazda Myanmar ဟာ ခုဆိုရင် ငါးနှစ်တာက ကာလကို ရောက်ရှိလာခဲ့ပါပြီ။ အဆိုပါ ငါးနှစ်အတွင်းမှာ Mazda Myanmar ဟာ အမှတ်တရတွေများစွာရှိခဲ့သလို၊ ပျော်ရွှင်စရာတွေကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ အခုလည်းထပ်မံပြီး Mazda Myanmar ဟာ ငါးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပျော်ရွှင်စရာအမှတ်တရတွေ ထပ်မံဖန်တီးသွားဖို့ရှိနေပါတယ်။" ဆိုပြီး Mazda Myanmar ကဆိုလိုက်ပါတယ်။


Myanmar Plaza မှာ စက်တင်ဘာလ (၂၆) ရက်နေ့ ကစတင်ပြီး (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမယ့် ကားအရောင်းပြပွဲကြီးမှာ Mazda ရဲ့ (၅) နှစ်ပြည့် အမှတ်တရအနေနဲ့

  • (၅) ကြိမ် အခမဲ့ ကားမွမ်းမံထိန်းသိမ်းခွင့်
  • (၅) ကြိမ် အခမဲ့ ကားပေါလစ်တိုက်ခွင့်
  • (၅၀၀) လီတာ ဓာတ်ဆီ အခမဲ့ Promotion အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒီပွဲမှာ ပါဝင်ပြသရောင်းချသွားမယ့်ကားတွေကတော့ Mazda 2 ၊ Mazda 3 ၊ Mazda 6 ၊ Mazda CX 3 ၊ Mazda CX 5 ၊ Mazda CX 9 တို့ပဲဖြစ်ပါတယ်။



နောက်ထပ် စိတ်ဝင်စားစရာအစီအစဉ်အနေနဲ့ ပရိုမိုးရှင်းကာလအတွင်းမှာဝယ်ယူမယ်ဆိုရင်တော့ Mazda 3 နဲ့ Mazda CX3 တို့ကို ၅ နှစ်တာအရစ်ကျအတိုးမဲ့စနစ်နဲ့ရရှိမှာဖြစ်ပြီး  ဘဏ် Service ကလည်း 1% ထဲနဲ့ ရရှိမှာပါလို့ Mazda Myanmar ကဆိုပါတယ်။

"ဒါ့အပြင် Mazda ကားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို လက်တွေ့ခံစားနိုင်ဖို့အတွက်Test Drive မောင်းနှင်မှုတွေလည်း ပြုလုပ်နိုင်မှာမို့လို့ ကားချစ်သူတွေအတွက် အကောင်းဆုံး လက်တွေ့စမ်းသပ်မှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Mazda Myanmar ရဲ့ ငါးနှစ်တာ ခရီးစဉ်မှာ ကားချစ်သူမိတ်ဆွေများ ပါဝင်ဆင်နွှဲဖို့ စက်တင်ဘာ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်း Myanmar Plaza ကို အရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေ။" Mazda Myanmar ကနေပြီး အားလုံးကို ဖိတ်ခေါ်ထားပါသေးတယ်။

Author