
WORLD LUBRICANTS အင်ဂျင်ဝိုင်ဟာ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာကျင်းပခဲ့တဲ့ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ရဲ့ sale and service center ဖွင့်ပွဲမှာ ပါဝင်ပြသရောင်းချခဲ့ပါတယ်။
WORLD LUBRICANTS အင်ဂျင်ဝိုင်ဟာ ယူအေအီးနိုင်ငံမှာထုတ်လုပ်ခဲ့ပြီး ယူအေအီးနိုင်ငံရဲ့ အရည်အသွေးအပြည့်အဝဆုံးဖြစ်တဲ့ ကုန်ကြမ်းတွေကိုသာအသုံးပြုထားတာပါ။ မြန်မာပြည်ရဲ့ရာသီဥတုနဲ့ ကိုက်ညီမှုရှိစေရန် API Standard နဲ့အညီ ခေတ်မီဓါတ်ခွဲခန်းကြီးတွေမှာ စနစ်တကျ စမ်းသပ်သုတေသနပြုလုပ်ထားတာမို့လို့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ CNG သုံး ဘယ်မော်တော်ယာဉ်မျိုးမဆိုအသုံးပြုနိုင်ပြီး စက်ယန္တရားတွေမှာလည်းအသုံးပြုနိုင်သလို အင်ဂျင်သက်တမ်းပိုမိုကြာရှည်ခံစေပြီး ဆီစားနှုန်းသက်သာစေတာမို့လို့ လူကြီးမင်းတို့ အကြိုက်တွေ့မှာ အသေအချာပါပဲ။
အဓိကအားဖြင့် မြန်မာပြည်ရဲ့ရာသီဥတုနဲ့အထူးကိုက်ညီမှုရှိအောင် ထုတ်လုပ်ထားတာဖြစ်လို့ အများအားဖြင့် ရာသီဥတုပူပြင်းတဲ့မြန်မာနိုင်ငံအနေအထားအရ အပူချိန်မြင့်မားလွန်ကဲခြင်းတွေကို အထူးကာကွယ်ပေးပါတယ်။ ရာသီဥတု အရမ်းအေးနေတဲ့အချိန်တွေမှာတောင် စိတ်ပူနေစရာမလိုဘဲ စက်နှိုးရလွယ်ကူစေသလို စက်သံကိုသိသာစွာ ညက်ညောစေပါတယ်။ လူကြီးမင်းတို့ရဲ့ စက်ယန္တရားအမျိုးမျိုးနဲ့ ကားအမျိုးမျိုးတို့အတွက်ဆိုရင်တော့ Delta International Limited မှ တိုက်ရိုက်တင်သွင်းတဲ့ WORLD LUBRICANTS အင်ဂျင်ဝိုင်ဟာ အသင့်တော်ဆုံးဖြစ်တယ်ဆိုတာ သတင်းကောင်းပါးလိုက်ရပါတယ်။
WORLD LUBRICANTS ကို တစ်ကြိမ်သာစမ်းသပ်သုံးစွဲကြည့်ပါ၊ တစ်သက်လုံး WORLD LUBRICANTS ကို လက်တွဲသွားမှာ သေချာပါတယ်လို့ပြောပါရစေ။