မြေအနေအထား အမျိုးမျိုးတွင် သွားလာနိုင်သည့် လျှပ်စစ်ယာဉ်တစ်မျိုး Acer မှ ကြေညာ

0

Full article

Laptop နှင့် Tablet များ၊ Smartphone ထုတ်လုပ်မှုများဖြင့် လူသိများထင်ရှားသည့် ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Acer ကုမ္ပဏီမှ ကုမ္ပဏီ၏ သမာရိုးကျမဟုတ်သော ခြေလှမ်းတစ်ရပ်လှမ်းသည့်အနေဖြင့် မြေအနေအထားအမျိုးမျိုးတွင် သွားလာနိုင်သည့် လျှပ်စစ်ယာဉ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ကြောင်း သိရပါတယ်.။

Acer မှ ထုတ်လုပ်သော eATV ဟုခေါ်သော Electirc All-Terrain Vehicle အမျိုးအစားကို X Terran ဟု အမည်ပေးထားပြီး ပြီးခဲ့တဲ့အပတ်အတွင်း မြူးနစ်မြို့မှာ ကျင်းပပြုလုပ်တဲ့ eCarTech Conference မှာ ပြသခဲ့တာဖြစ်ပါတယ်.။ ကားနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းတော့ မရှိသေးပါဘူး.။

Acer ဟာ MPS Energy လို့ခေါ်တဲ့ ဌာနခွဲတစ်ခုကို တည်ထောင်ထားပြီး လျှပ်စစ်ယာဉ်များအတွက် စွမ်းအင်ထုတ်လုပ်မှုကို ကူညီမယ်လို့ ကြေညာထားခဲ့ပါတယ်.။ ဒါ့အပြင် Smart Cars များအတွက် BMS လို့ခေါ်တဲ့ Battery Management System တစ်ခုကိုလဲ ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်.။ Acer ရဲ့ BMS စနစ်မှာ Motherboard တစ်ခုနဲ့ ဘက်ထရီ သုံးခုပါဝင်ပြီး ဘက်ထရီတစ်ခုစီမှာ 8.7 ကီလိုဝပ်စီ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်.။

ပုံမှန်အားဖြင့် ကွန်ပျူတာကုမ္ပဏီတစ်ခုဖြစ်တဲ့ Acer အနေနဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုဟာ သမားရိုးကျမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် ပြိုင်ဘက်ကုမ္ပဏီများဖြစ်တဲ့ Samsung နဲ့ Xiaomi တို့ဟာလည်း မော်တော်ယာဉ်ထုတ်လုပ်မှုများ ရှိနေပြီး Apple ကုမ္ပဏီကလဲ မောင်းသူမဲ့ကားတစ်မျိုး ထုတ်လုပ်ဖို့ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေတဲ့အတွက် Acer အနေနဲ့ ဈေးကွက်ဝေစုရရှိဖို့ ကြိုတင်ကြိုးပမ်းမှုတစ်မျိုးလဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျာ.။

Written by: အောင်မွန်ချမ်း

Ref: Venture Beat

www.carsdb.com

No.1 Car Site in Myanmar

Author