Full article

အရည်ကြို စလစ်ကပ်ပြီး တင်သွင်းရသည့် ကားများအခွန်ကင်းလွတ်ခွင့်ရသဖြင့် အပ်နှံမည့် ကားရှားပါးလာပြီး တိုက်ကြေကားဈေးကွက် ၆၈ သိန်းထိမြင့်တက်လာလျက်ရှိသည်။ တိုက်ကြေကားဈေးကွက်တွင် အချို့ကားများကို လုပ်ကြံဖန်တီးအပ်နှံမှုများ ရှိလာပြီး တိုက်ကြေစလစ်ဈေးနှုန်း ၆၈ သိန်းဖြင့် အရောင့်အဝယ်များလာပြီး သက်တမ်းနှစ်နှစ်ဆယ်တက္ကစီ အပ်ကားဈေးနှုန်းမှာ ၈၁ သိန်းဖြင့် အရောင်းအဝယ်ဖြစ်လာကြောင်း စလစ်ကပ်ကားအရောင်းအဝယ်ယပြုလုပ်နေသူများထံမှ သိရသည်။

အပ်ကားကလည်း အခုနောက်ပိုင်းရှားလာတယ်။ အပ်ကားရှားလာလို့ တိုက်ကြေဈေးကွက်က ပိုမြင့်လာတယ်။ အရင်က တိုက်ကြေကားများက ၆၃၊ ၆၄ မှာပဲရှိတာ။ အခုရက်ပိုင်း ၆၈ သိန်းထိဈေးတက်လာတယ် ဟု စလစ်ကပ်ကားအရောင်းအဝယ်ပြုလုပ်နေသူ ကိုအောင်ဇော်က ဆိုသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် သက်တမ်းကိုလည်း အပ်နှံကားရှားပါးလာ၍ လျော့ချပေးသင့်ကြောင်း ကားဝယ်ရောင်းများကပြောသည်။

ခေတ်သစ်

Author