ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်ကျင်းပမည့် AAITF Bangkok ပွဲတွင် Innovative Program နှင့် ထုတ်ကုန်သစ်ပြပွဲများ ပါဝင်မည်

0

Full article

ဒီဇင်ဘာလ (9) ရက်နေ့မှ (11) ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ IMPACT Forum, တွင် ကျင်းပပြုလုပ်မည့် Thailand International Motor Expo နှင့် တွဲဖက်၍ AAITF (Automotive Aftermarket International Trade Fair) Bangkok ခေါ် ကားလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် Accessories များ ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်.။

အဆိုပါပွဲတွင် နှစ်ရက်ကြာမြင့်မည့် ဟောပြောပွဲများ၊ workshops များ၊ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲများ စသည်တို့ဖြင့် ခမ်းနားစွာကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ မီဒီယာများနည်းတူ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် နံပါတ် (၁) ကားဝဘ်ဆိုက်ဖြစ်သော CarsDB.com မှလဲ Media Partner အဖြစ် ပါဝင်ကူညီသွားမည်ဖြစ်ပါသည်.။

Thailand International Motor Expo ပွဲကြီးသည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသော ပွဲကြီးဖြစ်ပြီး ကားနှင့် ကားဆက်စပ်ပစ္စည်းများကို စိတ်ဝင်စားသူ 1.38 သန်းကျော် နှစ်စဉ်လာရောက်လေ့ရှိသော ပွဲကြီးလဲ ဖြစ်ပါသည်.။

ဟောပြောပွဲအစီအစဉ်များတွင် အရှေ့တောင်အာရှ ကားဈေးကွက်အတွင်းရှိ နောက်ဆုံးရသတင်းနှင့် အနာဂတ်အလားအလာများကို စုံလင်စွာဆွေးနွေးသွားမည်ဖြစ်ပါသည်.။ ဒီဇင်ဘာ (၁ဝ) ရက်နေ့တွင် ပြုလုပ်မည့် Keynote Session တွင် Thai Autobook and TEBA ၏ ဥက္ကဌ ဖြစ်သူ Uli Kaiser မှ 'Aftermarket Ecommerce: Global Opportunities' ခေါင်းစဉ်ဖြင့် ဟောပြောပေးသွားမည်ဖြစ်ပြီး Asia Business Consultation ၏ ဦးဆောင်သူဖြစ်သော Jaymes Khell မှလဲ မှန်ကန်သောဝန်ဆောင်မှုများ ရွေးချယ်ရာတွင် လိုအပ်မည့်အချက်များနှင့် ဆက်စပ်သော အချက်အလက်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်.။ ထို့အပြင် Australian Automotive Aftermarket Association (AAAA) ၏ Senior Manager တစ်ဦးဖြစ်ခဲ့သူ၊ လက်ရှိ Mercury PM ၏ ဒါရိုက်တာဖြစ်သော Ben Bartlett မှလဲ 'Access to technical and diagnostic information for the average trade workshop' ခေါင်းစဉ်ဖြင့် ဟောပြောပေးသွားမည် ဖြစ်ပါသည်.။

ထို့အပြင် RUPES S.p.A မှ လေ့ကျင့်သင်ကြားမှုဆိုင်ရာ အထွေထွေမန်နေဂျာဖြစ်သူ Jason Rose မှ 'Random Orbital Polishing Techniques' ခေါင်းစဉ်ဖြင့် သင်တန်းတစ်ရပ်ကို လက်တွေ့ပို့ချပေးသွားဦးမည် ဖြစ်ပါသည်.။

ထုတ်ကုန်ပစ္စည်းအသစ် မိတ်ဆက်ပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ အမျိုးမျိုးသော ထုတ်ကုန်များနှင့်အတူ ထိုင်းနိုင်ငံမှ တီထွင်ဖန်တီးထားသော DriveBot အမည်ရှိ စနစ်တစ်မျိုးလဲ ပါဝင်ပြသသွားမည်ဖြစ်ပါသည်.။ အဆိုပါစနစ်သည် ကားများကို စစ်ဆေးရာ၌ လွယ်ကူလျှင်မြန်မှုရှိအောင် တီထွင်ထားသော စနစ်ဖြစ်ပြီး စနစ်တွင်ပါဝင်သော လျှပ်စစ်ကိရိယာကို ကားတွင် တပ်ဆင်လိုက်ရုံဖြင့် ကားအတွင်းပိုင်းအခြေအနေများကို Mobile App တွင် ပြသပေးသွားမည့် စနစ်ဖြစ်ပါသည်.။

1-500x320 2-500x333

အထက်ပါ ဟောပြောပွဲများနှင့် ထုတ်ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲများအပြင် ထိုင်းနိုင်ငံ၏ ကားပြုပြင်ထိန်းသိမ်းမှု အသင်းကြီးနှင့် ပူးပေါင်း၍ Siam Auto Body မှ Modify ပြုလုပ် တည်ဆောက်ထားသော ကားနှစ်စီးကိုလဲ ပြသသွားမည်ဖြစ်ပါသည်.။ တစ်စီးမှာ Suriyan ဟု အမည်ပေးထားသော BMW အမျိုးအစားကားတစ်စီးဖြစ်ပြီး ငွေရောင်အဖြစ်ပြောင်းလဲထားကာ အလင်းရောင်ပေါ်မူတည်၍ ကားတစ်စီးလုံး၏ ပုံစံပြောင်းလဲသွားအောင် တည်ဆောက်ထားသော ကားဖြစ်ပါသည်.။ ထို့အပြင် ကား၏ အစိတ်အပိုင်းများပေါ်တွင် 3D Effect ပါဝင်သော မီးတောက်ပုံစံများဖြင့် တန်ဆာဆင်ထားပါသည်.။ Suriyan ကားသည် နိုင်ငံတကာ ကားပြပွဲမှ ဆုတံဆိပ်များ ဆွတ်ခူးထားသော ကားလဲဖြစ်ပါသည်.။ အခြားသောကားတစ်စီးမှာမူ Jaguar XKR အမျိုးအစားဖြစ်ပြီး ကား၏ Classic Style ပုံစံကို ယနေ့ခေတ် မော်ဒန်ကားပုံစံအဖြစ် ပြောင်းလဲတပ်ဆင်ထားခြင်းဖြစ်ပါသည်.။ Siam Auto Body ၏ အဆိုအရ ကားများ၏ အစိတ်အပိုင်းများကိုသာ ပြောင်းလဲတပ်ဆင်ခြင်းမဟုတ်ဘဲ ကားတစ်စီးလုံး၏ ပုံစံကို ပြောင်းလဲခြင်းဖြစ်သည့်အတွက် နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံနှင့် နည်းစနစ်များ များစွာလိုအပ်ကြောင်း သိရပါသည်.။

AAITF Bangkok ကားပြပွဲနှင့် သက်ဆိုင်သော အချက်အလက်များနှင့် အသေးစိတ်များကို www.aaitf.com/bangkok/ တွင် သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး မြန်မာနို်င်ငံ၏ တစ်ဦးတည်းသော Media Partner ဖြစ်သည့် CarsDB မှလဲ နောက်ဆုံးရသတင်းများနှင့် ပွဲသတင်းများကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသည်.။

www.carsdb.com

No.1 Car Site in Myanmar

https://www.android.com/phones/whichphone/

Author