AA ,BB အစရှိသည့် ရာသက်ပန်အဌားယာဉ်များကို အိမ်စီးကားအဖြစ် ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ အိမ်စီးကားအဖြစ်ပြောင်းလဲနိုင်မည်

0

Full article

AA ,BB အစရှိသည့် ရာသက်ပန်အဌားယာဉ်များကို အိမ်စီးကားအဖြစ် ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ အိမ်စီးကားအဖြစ်ပြောင်းလဲနိုင်မှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာကသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချူ ပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိ အဌားယာဉ်များကို စနစ်တစ်ခုကျင့်သုံးမည်ဖြစ်ပြီး မလိုအပ်သည့် အဌားယာဉ်များကို အိမ်စီးအဖြစ် ပြန်လည်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားသည်။

ယာဉ်တွေနဲ့ပက်သက်ပြီး အဌားယာဉ်တွေအရမ်းများတယ်ဆိုရင် တရားဝင်အဌားယာဉ်ဖြစ်သင့်သော ကားများကတော့ ကက,ခခ လိုကားမျိူ းတွေပါ။အခြားကားတွေကတော့ အိမ်စီးကားတွေကို အဌားယာဉ်နံပါတ်တပ်ထားတာဖြစ်ပါတယ်။ဒါတွေကတော့ ကျွန်တော်တို့ မြို့ရဲ့လိုအပ်ချက်၊ အဌားယာဉ်စီးသူတွေရဲ့ အခြေအနေနဲ့မူတည်ပြီးတော့ ဒီအခြေအနေကို ထိန်းညှိဆောင်ရွက်သွားမှာဖြစ်ပါတယ်။မလိုအပ်ရင် အချို့ အဌားယာဉ်တွေကို အိမ်စီးပြန်လည်ပြောင်းလဲမှာဖြစ်ပါတယ်။စီးမယ့်ည့်သူနဲ့ အဌားယာဉ်ဆွဲမည့်သူ အချိူ းညီမျှတမှူဖြစ်ရပါမယ်။အချိူ းညီမျှတမှုမရှိရင် ဈေးကြီးသွားနိုင်ပါတယ်။အချိူ းညီမျှတမှူများနေရင်အားလုံးက လူရဖို့လမ်းပေါ်ပတ်မောင်းနေကြတဲ့ အခြေနေမျိူ းနဲ့ ယာဉ်ကြောပိတ်ဆို့မှူပြဿ နာကို ပိုပြီးဖြစ်စေတယ်။ဒါကို ဖြေရှင်းဆောင်ရွက်သွားပါ့မယ်။နယ်ကဝင်လာတဲ့ ကားတွေကိုလည်း တိတိကျကျအရေးယူဆောင်ရွက်ဖို့အတွက်လည်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ဒီအဆင့်ကိုလည်းတက်လှမ်းဖို့ ပြင်ဆင်နေပါတယ်။ဟု ၎င်းကပြောကြားထားသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော အဌားယာဉ်များကို စနစ်တကျကိုင်တွယ်သွားမှာဖြစ်ရာ နယ်လိုင်စင်ဖြငေ့်ပြးဆွဲနေသော အဌားယာဉ်များကိုကိုင်တွယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ရာသက်ပန် အဌားယာဉ်တက္ကစီများသည်နံပါတ်အနီမှ နံပါတ်အနက်သို့ ပြန်လည်ပြောင်းလဲ၍မရဘဲ အခြားအက္ခရာနံပါတ်အနီယာဉ်များကိုသာ နံပါတ်အနက်လူစီးကားအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author