သတ်မှတ်မိုဒယ်တစ်နှစ်နိမ့် ကားများကို ဒဏ်ကြေးဖြင့် ခွင့်ပြုမည်

0

Full article

![width=300](/redline/content/images/2017/04/fwqwf-300x200.jpg)

သတ်မှတ်မိုဒယ် တစ်နှစ်နိမ့် လက်ကျန်ရှိနေသော ကားများကို နေပြည်တော် တင်ပြစရာမလိုပဲ ဒဏ်ကြေးဖြင့် မှတ်ပုံတင်ခွင့်ပြုမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနရုံးမှ သိရပါတယ်။ မတ်လမတိုက်ခင်တင်သွင်းထားသော သတ်မှတ်ထားသည့် မိုဒယ်အောက်တစ်နှစ်နိမ့်တင်သွင်းကားများကို နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနသို့ တင်ပြစရာမလိုအပ်ဘဲ ဒဏ်ကြေး ၁ သိန်းဖြင့် မှတ်ပုံတင်ခွင့်ပြုမှာဖြစ်ပါတယ်။ မိုဒယ် ၁ နှစ်နိမ့်ကားတွေကို နေပြည်တော်ကိုတင်ပြဖို့ မလိုပါဘူး။ သတ်မှတ်ထားတဲ့ ဒဏ်ကြေးနဲ့ မှတ်ပုံတင်လုပ်ဆောင်ပေးနေပါတယ်။လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ၂ဝ၁၇ ခုနှစ် မိုဒယ်သတ်မှတ်ချက်ထက် ၁ နှစ်နိမ့်တင်သွင်းလာသည့် ကားများကို မတ်လ ၁၁ ရက်မှစ၍ အကောက်ခွန်ဦးစီးဌာနမှ သိမ်းဆည်းပြစ်ဒဏ်ချမှတ်အရေးယူနေလျှက်ရှိရာ ယခုမိုဒယ် ၁ နှစ်နိမ့်ကားများကို ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးသည်မှာ မတ်လ မတိုင်ခင်တင်သွင်းထားရှိသော ကားများဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author