ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအသစ် ထွက်ပေါ်မလာ သေးသောကြောင့် 'အ'အက္ခရာ စလစ်များသည် သိန်းတစ်ရာကျော်အထိ မြင့်တက်သွားခဲ့ကြောင်း ကား ဝယ်/ရောင်းများထံမှ သိရှိရသည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ၂ဝ၁၄ ခုနှစ်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်းများကို သက် တမ်း အလိုက် အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ထိုသတင်းထုတ် ပြန်ပြီး သုံးလကျော်ကာလအထိ လက်တွေ့ အကောင်အထည် မဖော်နိုင် သေး သောကြောင့် ကားဟောင်း စလစ်ဈေးများ တစ်ပတ်ထက် တစ်ပတ် မြင့်တက်လာခဲ့သည်။ ယခုတစ်ပတ်အတွင်း ဖြစ် ပေါ်နေသော စလစ်ဈေးကွက်နှင့် ပတ်သက်၍ ကား ဝယ်/ရောင်းတစ် ဦးက "ပေါ်လစီသစ်ထွက်ပေါ်မ လာသေးသလို 'အ' ပြီးရင် ဘယ် အက္ခရာကိုခေါ်ယူမယ်ဆိုတာ ခန့် မှန်းလိုမရတဲ့အတွက် စလစ်ဈေး အပြောင်း အလဲ တွေ ဖြစ်ပေါ်နေပါတယ်၊ ဈေးကွက်ထဲမှာ စလစ်ဝယ်လိုအားကောင်းပြီး အပ်ကားက သိပ်မကျန်တော့တဲ့အတွက် စလစ်ဈေးက ဒီတစ်ပတ်အတွင်းမှာ ကျပ် သိန်းတစ်ရာ အပေါ် ကိုရောက်ရှိသွားခဲ့ပါတယ်"ဟု ဆိုခဲ့သည်။ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကားဟောင်းနှင့် စလစ်ဈေးကွက်မှာ 'လ၊သ၊အ'အက္ခရာ ကားဟောင်း တစ်စီးလျှင် ကျပ် ၉၉ သိန်းနှင့် အမည်ပေါက် စလစ် တစ်စောင်လျှင် ကျပ် ၁ဝ၄ သိန်း ဝန်းကျင်၊ တက္ကစီအပ်ကားတစ်စီးလျှင် ကျပ်သိန်း ၆ဝ ဝန်းကျင်နှင့် တက္ကစီစလစ် တစ်စောင်လျှင် ကျပ် ၆၄ သိန်းဝန်းကျင်၊ နံပါတ်အနီ Chery QQ3 ကားဟောင်းတစ်စီးလျှင် ကျပ် ၅၈ သိန်းဝန်းကျင် ပေါက်ဈေး အသီးသီးရှိကြောင်း ကားဝယ်/ရောင်း များထံမှ သိရသည်။
Ref : Automobile