Full article

'အ' အက္ခရာအပ်နှံမှု လက်ခံလျက် ရှိသော်လည်း '၂က' အထိ အဝယ် ရှိနေ၍ စလစ်ဈေးများ မြင့်တက်လျက်ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များသင်းနှင့် ကား ဝယ်/ရောင်းများထံမှ စုံစမ်း သိရှိရသည်။ a

အက္ခရာအကုန် လက်ခံမည် ဟု ကညနမှ သတင်းထွက်ပေါ်ခဲ့သည့်အတွက် ဈေးကွက်အတွင်း လက်ရှိ အပ်ခံလျက်ရှိသော 'အ' အက္ခရာမှာ ငွေကျပ် သိန်း ၁၁ဝ မှ ၁၂ဝ ကြားတွင် ပေါက်ဈေးရှိကာ ဆက်စပ်အက္ခရာ '၂က'မှာ ငွေကျပ် သိန်းကိုးဆယ် ဝန်းကျင်ခန့်အထိ ဈေး မြင့်တက်ခဲ့ကြောင်း သိရသည်။ အဓိကအားဖြင့် ဈေးကစား သူများမှာ '၂က' အထိ ဝယ်ယူ စုဆောင်းမှုများကြောင့် ဖြစ်ပြီး စလစ်ဈေးမှာလည်း ဈေးကစားသူများကြောင့် မြင့်တက်လာကြောင်း သိရသည်။ " 'အ'အက္ခရာက လက်ရှိမှာ သိန်း ၁၂ဝ လောက် ပေါက်ဈေး ရှိတယ် ကြားတယ်၊ 'အ' ပြီးရင် '၁က'လာ၊ မလာက ကျိန်းသေ ပြောလို့မရဘူး၊ စလစ်ဈေး ၁၂ဝ လောက် မြင့်နေပြီဆိုပေမဲ့ ဈေးဆွဲချမယ့် အစီအစဉ် ဌာန မှာ မရှိသေးဘူး၊ ဈေးကတော့ ဈေးကစားသူကြောင့် ဖြစ်နေတာပါ"ဟု 'ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန'မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။လက်ရှိတွင် မော်တော်ယာဉ် ဈေးကွက်၌ အက္ခရာ စလစ်ဈေး မြင့်တက်မှုကြောင့် မော်တော်ယာဉ် တန်ဖိုးပါ လိုက်ပါမြင့်တက်လာသည့်အတွက် အရောင်းစင်တာများထက် ဝယ်/ရောင်း များ၏ ပွဲစားတန်းနှင့် ပျံကျနှစ်ဦးနှစ်ဖက် ရောင်းဝယ်မှုသာ အဆင်ပြေလျက် ရှိကြောင်း၊ 'အ'အက္ခရာမှာ မတ် ၁၇ ရက်အထိ အစီးရေ ၇,ဝ၈၅ စီး အပ်နှံပြီးဖြစ်ကာ အစီးရေ ၁,၅၃၃ စီး အပ်နှံရန် ကျန်ရှိနေသေးကြောင်း သိရသည်။

Ref: Automobile

Author