နိုင်ငံသားမှတ်ပုံတင် ယာယီ ကဒ်ပြားနှင့် ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်ပြုမည်မဟုတ်

0

Full article

နိုင်ငံသားမှတ်ပုံတင် ယာယီ ကဒ်ပြားကိုင်ဆောင်ထားပါက (သ) ယာဉ်မောင်းလိုင်စင် သာ ရမည် ဖြစ်ရာ( ခ )ယာဉ်မောင်းလိုင်စင် ဖြေဆိုမည်ဆိုပါက ခွင့်ပြုပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနယာဉ်မောင်းလိုင်စင် ထုတ်ပေးရေးဌာနက သိရသည်။

ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် နိုင်ငံသားမှတ်ပုံတင် မူရင်း/မိတ္တူ ပါရှိရမှာဖြစ်ရာ ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများကို သင်မောင်းလိုင်စင် ၃ လ ပြည့်သဖြင့် (ခ)လိုင်စင် သို့ပြောင်းလဲရာတွင် ယာဉ်မောင်းသင်တန်းကျောင်း သင်တန်းဆင်းလက်မှတ် certificate လက်မှတ်မရှိပါက ကညနရုံးတွင် ယာဉ်မောင်းသင်တန်းတက်ရောက်ပြီး အွန်လိုင်းက လျှောက်ထား၍ ရေးဖြေ ဖြေဆိုနိုင်ကြောင်း သိရသည်။

"(ခ)ယာဉ်မောင်းလိုင်စင် ဖြေဆိုတာ နိုင်ငံသားမှတ်ပုံတင် ယာယီကဒ်ပြားနဲ့ ဖြေဆိုခွင့်ပြုမှာမဟုတ်ပါဘူး။ ယာယီကဒ်ပြားနဲ့တော့မရပါဘူး။သုံးခေါက်ချိူး ကဒ်ပြားဆိုရင် ဖြေခွင့်ပေးပါတယ်။ ယာဉ်မောင်းလိုင်စင် ဖြေဆိုရင် နိုင်ငံသားစိစစ်ရေးကဒ်ပြားပါရမယ်။ ယာဉ်မောင်းလိုင်စင် ဖြေဆိုရင် သင်တန်းဆင်းလက်မှတ် certificate မလိုဘဲ ကညနမှာ ယာဉ်မောင်းသင်တန်း တက်ပြီးတာနဲ့ ဖြေဆိုတာကို လုပ်ပေးနေပါပြီ။ "လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

ကညနမှ ထုတ်ပြန်ချက်အရ (ခ) ယာဉ်မောင်းလိုင်စင်ရလိုသူသည် အသက်(၁၈)နှစ်နှင့် (သ) လိုင်စင်သက်တမ်း (၃)လပြည့်ပြီး၊ သတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူ ဖြစ်ရန် လိုအပ်ကာ ပြည်ထောင်စု မြန်မာနိုင်ငံသား(သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူနှင့် သတ်မှတ်ထားသော ကျန်းမာရေးအဆင့်အတန်းနှင့် ညီညွတ်ရမည့်အပြင် ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့်စစ်ဆေးမှုများကို အောင်မြင်ရမည်ဖြစ်ကြောင်း သိရသည်။

Policy

Author