Full article

ဂျပန်အင်ဂျင်နီယာတစ်ဦးဟာ "Walkcar" ဟုအမည်ပေးထားတဲ့ အိတ်ထဲသို့ ထည့်သွင်းသယ်ဆောင်သွားနိုင်သော ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ကြောင်း သိရပါတယ်.။

အဆိုပါ ကိရိယာဟာ ကမ္ဘာ့ပထမဆုံး အိတ်ဆောင်ကား ဖြစ်သည်ဟု တီထွင်ဖန်တီးသူ အသက် (၂၆) နှစ်အရွယ်ရှိ Kuniako Saito က ပြောကြားခဲ့ပါတယ်.။ ဒီကိရိယာငယ်ဟာ အလေးချိန် (၂) မှ (၃) ကီလိုဂရမ်သာ ရှိပြီး အရွယ်အစားမှာ လက်ပ်တော့တစ်လုံး အရွယ်သာရှိတဲ့အတွက် ကားထက် စကိတ်ဘုတ် တစ်ခုနှင့် ပိုတူပါတယ်.။ ဒီပစ္စည်းလေးဟာ မြင်တွေ့ရတာထက်ပိုပြီး အကြမ်းခံနိုင်ပြီး အလေးချိန် 120 kg အထိ သယ်ဆောင်နိုင်တာကိုလဲ တွေ့ရပါတယ်.။

ဒီကိရိယာကို (၃) နာရီအားသွင်းထားပါက အကွာအဝေး 12 Km အထိ သွားနိုင်မှာဖြစ်ပြီး အမြန်နှုန်းအနေနဲ့ 10 kph ရှိမှာဖြစ်ပါတယ်.။ တီထွင်သူရဲ့အဆိုအရ ဒီပစ္စည်းလေးဟာ စီးနင်းရတာလဲ လွယ်ကူပြီး အပေါ်ကို တက်လိုက်တာနဲ့ အလိုအလျောက် ထွက်ခွာခြင်း၊ လိုရာသို့ရောက်ပါက အောက်ကိုဆင်းလိုက်တာနဲ့ ရပ်တန့်သွားခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်.။

အဆိုပါ "Walkcar" ကိရိယာငယ်ကို Crowdfunding Website တစ်ခုဖြစ်တဲ့ Kickstarter မှတဆင့် မှာယူနိုင်ပြီဖြစ်ပြီး 2016 နွေဦးရာသီမှာ ပစ္စည်းစတင်ပို့ဆောင်ပေးမှာဖြစ်ကြောင်း သိရပါတယ်.။ မှာယူနိုင်တဲ့ ဈေးနှုန်းကတော့ ဂျပန်ယမ်း 100,000 (အမေရိကန်ဒေါ်လာ 800 ကျော်) ကျသင့်မှာဖြစ်ကြောင်းလဲ သိရပါတယ်.။

Source: Stuff, Reuters

Written by: အောင်မွန်ချမ်း

www.carsdb.com

No. 1 Car Site in Myanmar

Author