ငါးနှစ်အရွယ်သာရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အမေရိကနိုင်ငံ Utah ပြည်နယ်ကနေ California ပြည်နယ်သို့မောင်းနှင်နေတုန်း Utah ပြည်နယ်ရဲရဲ့ တားဆီးခြင်းကို ခံလိုက်ရပါတယ်။ သူဟာ မိဘတွေရဲ့ကားကိုမောင်းနှင်လာတာဖြစ်ပြီး အိတ်ထဲမှာ $3 လာထည့်ကာ California ကို Lamborghini ဝယ်ဖို့ထွက်လာတာပါလို့ဆိုပါတယ်။
Utah ပြည်နယ်ရဲဝန်ထမ်းကတော့ အဝေးပြေးလမ်းပေါ်မှာ တစ်နာရီကို 15 ကနေ 30 မိုင်နှုန်းနဲ့ လွန်းထိုးမောင်းနှင်လာတဲ့ ကားတစ်စီးကို တွေ့ခဲ့ရတဲ့အတွက် ရပ်တန့်စစ်ဆေးခဲ့တာပါလို့ Twitter ရဲ့ Utah Highway Patrol မှာတင်ထားခဲ့တာပါ။ ပြည်နယ်ရဲ Rick Morgan က ကားပေါ်မှာ ၅ နှစ်အရွယ်ကောင်လေးကိုမြင်တော့ တော်တော်ကြီး အံ့အားသင့်သွားခဲ့ပြီး
"သားက အသက်ဘယ်လောက်ရှိပြီလဲ"
"ငါးနှစ်ပဲရှိသေးတာလား"
"ကားမောင်းတတ်အောင် ဘယ်ကသင်ထားတာလဲ"
ဆိုပြီးမေးမြန်းနေတာတွေကို ကားမှာတပ်ထားတဲ့ dash camera ကနေတစ်ဆင့် ကြားခဲ့ရပါတယ်။
One of our Troopers in Weber Co. initiated a traffic stop on what he thought was an impaired driver. Turns out it was this young man, age 5, somehow made his way up onto the freeway in his parents' car. Made it from 17th and Lincoln in Ogden down to the 25th St off-ramp SB I-15. pic.twitter.com/3aF1g22jRB
— Utah Highway Patrol (@UTHighwayPatrol) May 4, 2020
ငါးနှစ်သားလေးမောင်းလာတဲ့ကားအမျိုးအစားက SUV ဖြစ်ပြီး မောင်းသူထိုင်ခုံရဲ့ ရှေ့အစွန်မှာ ထိုင်ကာမောင်းနှင်လာခဲ့တာဖြစ်ပါသတဲ့။ ဒါမှလည်း ခြေနင်းတွေကို မီအောင်နင်းလို့ရမှာပါ။ ရဲဝန်ထမ်းရဲ့မေးမြန်းမှုကိုကောင်လေးက ဖြေဆိုရာမှာတော့ သူဟာ California ကို Lamborghini တဝယ်ဖို့ထွက်လာတာပါလို့ဆိုပါတယ်။ တစ်စီးကို အခြေခံဈေးနှုန်း $200,000 ဝန်းကျင်လောက်ရှိတဲ့ Lamborghini ကိုဝယ်ယူဖို့အတွက် ငါးနှစ်သားလေးထံမှာ $3 သာပါလာခဲ့တာပါ။
အဝေးပြေးလမ်းပေါ်ကို ငါးနှစ်သားနဲ့ရောက်လာနိုင်ခဲ့တဲ့ကောင်လေးဟာ အခုဆိုရင်တော့မိဘတွေထံ ပြန်ရောက်နေခဲ့ပါပြီ။
Ref: A 5-year-old boy was pulled over in Utah on his way to California to try to buy a Lamborghini