Full article

ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ် နေသော ရှစ်မိုင်လမ်းဆုံတွင် ယခင်က ခုံးကျော်တံတား တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ မီးပွိုင့်ထိန်းချုပ် ဆင်ဆာ တပ်ဆင် လိုက်ခြင်းကြောင့် ခုံးကျော်တံတား တည်ဆောက်မည့် အစီအစဉ်ကိုခေတ္တ ရပ်ဆိုင်းထားကြောင်း ကုန်းလမ်းပို့ ဆောင်ရေးမှ အကြီးတန်းအရာရှိ တစ်ဦး ကပြောကြားခဲ့သည်။

460_345_resize

ရှစ်မိုင်လမ်းဆုံတွင် တပ်ဆင်ထားသော မီးပွိုင့်ထိန်းချုပ်ဆင်ဆာ စနစ်သည် ယာဉ်ကြောပိတ်ဆို့မှုပေါ် မူတည်၍ ထိန်းချုပ်ပေးသည့်စနစ်ဖြစ် သောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်ခြင်းကို စောင့်ကြည့်နေကြောင်း သိရသည်။ ထို့အတွက် ခုံးကျော်တံတားတည်ဆောက်မည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရသည်။ ရှစ်မိုင်လမ်းဆုံ တွင် မီးပွိုင့်လေးခု တပ်ဆင်ထားပြီး ဆင်ဆာစနစ်သည် မီးပွိုင့်တစ်ခုတွင် ကင်မရာတစ်လုံးစီ တပ်ဆင်ထားပေး ကြောင်းသိရသည်။ ယင်းကင်မရာများ သည် မီးပွိုင့်၏ဂရပ်မျဉ်းမှ မီတာ (၃ဝ) အကွာအဝေးထိရှိသော ယာဉ်များကို ထိန်းချုပ်ပေးပြီး ယာဉ်ကြော ရှင်းလင်းပေးသည့်စနစ်တွင် Manual နှင့် Auto ခလုတ်များပါဝင်ကြောင်း သိရှိရသည်။

Ref: Auto World

Author