ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်ရပ်နားကန့်သတ်ဇုန် ( Parking Restricted Zone) ၈ ဇုန်တွင် အောက်တိုဘာလမှစ၍ ယာဉ်ရပ်နားခ များ စတင်ကောက်ခံမည်

0

Full article

.


.unicode
ရန်ကုန်မြို့တွင်းရှိ ၆ မြို့နယ်အတွင်း ယာဉ်ရပ်နားကန့်သတ်ဇုန် ( Paking Pestricted Zone) ၈ ဇုန်တွင် အောက်တိုဘာလမှစ၍ ယာဉ်ရပ်နားခ များစတင် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနကသိရပါသည်။အဆိုပါ မြို့နယ် ၆ မြို့နယ်တွင် ယာဉ်ရပ်နားခများပြန်လည်ကောက်ခံ ရန်အတွက် ယာဉ်ရပ်နားကန့်သတ်ဇုန် ( Paking Pestricted Zone) ၈ ဇုန် မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းများကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် အဌားချထားမည်ဖြစ်ပြီး ဈေးပြိုင်တင်ဒါစည်းကမ်းချက်နှင့် လျှောက်လွှာပုံစံများကို ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၁၄ ရက်အထိ တင်ဒါပုံစံကို ရောင်းချပေးသွားမည်ဖြစ်ပီး စက်တက်ဘာလ ၂ဝ ရက်တွင် တင်ဒါဖောင်ပိတ်၍ လျှောက်ထားသော တင်ဒါများကိုတင်ဒါစိစစ်ရွှေးချယ်ရေးကော်မတီ က ရွေးချယ်လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က သိရပါသည်။
ရန်ကုန်မြို့တွင်း ၆ မြို့နယ် ရှိ အများပြည်သူပိုင်လမ်းမများတွင် ရပ်နားထားသော ကားများကိုမျဉ်းဝါကားပါကင်များရေးဆွဲ၍ ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက စက်တင်ဘာလ ၂ဝ ရက် ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော် ပုံမှန်အစည်းအဝေးမှာ ပြောကြားထားခဲ့ပါသည်။
"Downtown ၆ မြို့နယ်နဲ့ အခြားလူနေထူထပ်တဲ့ မြို့နယ် ၃၃ ခုမှာ ဒီပြသာနာတွေ ရှိနေတယ်။
မျဉ်းဝါတားပါကင်နေရာတွေ လုပ်ဖို့ လိုအပ်နေတယ်။အမှန်တစ်ကယ် လုပ်ဆောင် ရမယ့်အခြေအနေလည်းရှိပါတယ်။လက်ရှိမှာ ကားပါကင်နဲ့ ပက်သတ်တဲ့ ဝန်ဆောင်ခ မယူတဲ့အတွက်ကြောင့် နီးစပ်ရာမှာ ဥပဒေမဲ့၊စည်းကမ်းမဲ့၊ခွင့်ပြုချက်မရှိဘဲနဲ့ လိုအပ်သလို ကားပါကင် တွေထားပီးတော့ ရပ်နေကြတာတွေ့ရပါတယ်။
ဒါတွေကိုလည်း ကျွန်တော်တို့ စနစ်တကျကားပါပင်ထားပီး ကားရပ်နားခွင့် ကောက်ခံဖို့အစီအစဉ်ရှိပါတယ်"ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားထားရှိခဲ့သည်။

Author