Future Auto အနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် ကားများကို ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသကဲ့သို့ ကားသစ်နှင့် ကားဟောင်း လဲလှယ်မည့် အစီအစဉ်တွင်လည်း လဲလှယ်လိုသည့်ကား အမျိုးအစားမှာ အလိုက်ပေး လဲလှယ်ရမည့်ကားဖြစ်ပါက ဘဏ်အရစ်ကျစနစ်ဖြင့် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။ ကားသစ်၊ ကားဟောင်း လဲလှယ်ပေးမည့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ Future Auto မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာစိုးက Customer တွေအနေနဲ့ စီးပြီးသား ကားတွေကို အသစ်နဲ့လဲချင်လို့ အပြင်မှာရောင်းရင် အခက်အခဲတွေ ရှိနိုင်ပါတယ်၊ ပွဲစားပါရင်လည်း ပွဲစားခပေးရမှာဖြစ်ပါတယ်၊ Future Auto အနေနဲ့ ကားသစ်နဲ့ ကားဟောင်း လဲလှယ်ချင်တဲ့ Customer တွေအတွက် ဈေးလည်း မနစ်နာရအောင်၊ တခြားအခက်အခဲ တွေလည်း မရှိအောင်လို့ အကောင်းဆုံး ဝန်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်ဟု ပြောကြား ခဲ့သည်။ Future Auto အနေဖြင့် ကားသစ်များ ရောင်းချရာတွင် Warranty ခြောက်လပေးပြီး ရောင်းချ ပေးနေသော်လည်း လဲလှယ် သည့် ကားဟောင်းများကို ပြန်လည် ရောင်းချရာတွင် Warranty ပေးမည်မဟုတ်ကြောင်း သိရသည်။
Ref: Automobile