လုပ်ငန်းသုံးကား တင်သွင်းသည့် ကုမ္ပဏီ လိုင်စင် ကန့်သတ်လိုက်ခြင်း ကြောင့် ၆၆ဝ စီစီ ကားများ ၇ သိန်းအထိ တစ်ရက်အတွင်း မြင့်တက်လာ

0

Full article

![](/redline/content/images/2017/06/rrrr-300x169.jpg)

Photo Credit

လုပ်ငန်းသုံး ၁ တန်အောက်ကားများကို ယနေ့မှ စ၍ ကုမ္ပဏီ လိုင်စင်တင်သွင်းမှူ ကန့်သတ်လိုက်ခြင်းကြောင့် ၆၆ဝ စီစီ ကားဈေး ကျပ် ၁ဝ သိန်းအထိ တစ်ရက်အတွင်း မြင့်တက်လာနေတယ်လို့ လုပ်ငန်းသုံးကားလေးများ အရောင်းအဝယ်ပြုလုပ်နေသူများကနေသိရပါတယ်။ ဒီတစ်ရင်အတွင်းမှာ တစ်တန်ကားလေးတွေက ၁ဝ သိန်းလောက်တက်သွားတယ်။ ၆၆ဝ စီစီ ခွေးဘီလူးကားလေးတွေကတော့ ၇သိန်း နဲ့ ၈သိန်း ကြားတက်လာတယ်။ ဒီထက်ပိုပီးထပ်နက်လာဖို့တော့ မရှိနိုင်ဘူး။ အများဆုံးတက်ရင် ဈေးက ၁၂ သိန်းမိုင်ကုန်ပဲ။ ၁၃ဝဝ စီစီ ကားလေးတွေနဲ့ ဈေးကတစ်တန်းတည်း ဖြစ်သွားလို့မရဘူး။ဟု လုပ်ငန်းသုံးကားလေးများတင်သွင်းရာင်းချနေသူ ကို မျိူ းသူက ပြောပါတယ်။ ဂျပန်လေလံဈေးကွက်တွင်လည်း ၆၆ဝ စီစီ ကားလေးများ လေ လံဈေးမြင့်တက်လာမှူနဲ့ ကြုံနေရပီး နယ်ဒေသများက ထိုကားလေးများ အများအပြား ဝယ်ယူနေကြနေတယ်လို့ သိရပါတယ်။ ဂျပန်လေလံဈေးက အရမ်းတက်လာတယ်။ သိန်း ၆၅ဝဝ လောက်တောင်ဖြစ်လာနေတာ။ကားရဲ့သဘောက ဈေးတက်လေအဝယ်လိုက်လာတယ်။ထုံးစံအတိုင်း ဈေးတက်မှ ဝယ်ချင်လာတာ။အလုနောက်ပိုင်း လေလံဆွဲတာတွေလည်း ဒီကားလေးတွေကိုပဲ အရမ်း ဆွဲလာတယ်။လို့ ဂျပန်လေလံဈေးကွက်အတွင်း လုပ်ငန်းသုံးကားလေးများ ဝယ်ယူရာင်းချနေသူများကပြောပါတယ်။

ခေတ်သစ်

Author