
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းတံတားများ ပြုပြင်ခြင်းနှင့် ခင်းကျင်းခြင်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးလွှတ်တော်က ငွေကျပ်ဘီလျံ(၆ဝ)ကို ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနလမ်း၊တံတားမှ တာဝန်ရှိသူတစ်ဦးမှ သိရပါတယ်။ အဆိုပါ ငွေကျပ်ဘီလျံ(၆ဝ)အား မိုးရာသီကာလတွင် ရေကြီးရေလျှံဖြစ်ပွားတတ်သည့် Down Town ခြောက်မြို့နယ်နှင့် သစ္စာလမ်း၊ ကျောက်မြောင်းအစရှိသည့်နေရာများကိုရေမြောင်းများဆည်ယူခြင်း၊ မြို့၏ မြစ်ထွက်ပေါက် ၄၂ ခုကို ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်တယ်လို့သိရပါတယ်။ မိုးတွင်းမရောက်ခင် ရေမြောင်းပိတ်တာတွေအမြဲဖြစ်နေတယ်။ မိုးတွင်းလည်း ရောက်တော့မှာဆိုတော့ ရေကြီးရေလျှံဖြစ်နေကျ နေရာတွေကို ဦးစားပေး ပြုပြင်သွားမှာပါ။ လို့ အင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခေတ်သစ်