Full article

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ထုတ်ပေးခဲ့သော 5G အက္ခရာများထဲမှ 5G အပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ် ကြောင်း 'ကညနမှတ်ပုံ တင်ဌာန(မြင်သာ) ကညနရုံး'မှ သိရသည်။

5G

ကနဦးမှတ်ပုံတင်ဌာန အနေဖြင့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန် အတွက် စိတ်ကြိုက်နံပါတ် ကြိုတင်ရောင်းချမှု ပြုလုပ်ပေးလျက်ရှိပြီး 5G/2811 သို့ ရောက်ရှိချိန်၌ အပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီး ဖြစ်သည်။ ရောင်းချပြီးသော 5G အပူးနံပါတ်များ မှာ 5G/2222 ကို ကျပ် ၁၄ သိန်း၊ 5G/3333 ကို ကျပ် ၁၂ သိန်း၊ 5G/4444 ကို ကျပ် သိန်း (၂ဝ) နှင့် 5G/5555 ကို ကျပ်သိန်း (၄ဝ)၊ 5G/7777 ကို ကျပ်သိန်း (၄ဝ)၊ 5G/8888 ကို ကျပ် ၃၆ သိန်းနှင့် 5G/9999 ကို ကျပ် ၅၂ သိန်းတို့ဖြင့် အသီးသီးရာင်း ချပေးခဲ့သည်။ ရောင်းချရန် ကျန်ရှိသည့် 5G/1111 နှင့် 5G/6666 တို့မှာလည်း ကြိုတင်မှာယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။ "5G အက္ခရာနံပါတ် တွေကတော့ လူကြိုက်များ တဲ့အတွက် နံပါတ်လာရောက် ထုတ်ယူတဲ့သူတွေ၊ စိတ်ကြိုက်နံပါတ် ဝယ်ယူသူတွေနဲ့ လက်မလည်အောင်ပါပဲ၊ နံပါတ်အလှတွေလည်း အတော်လေး ရောင်း ရပါတယ်၊ အပူးအက္ခရာတွေဆိုရင် 5G/1111 နဲ့ 5G/6666 ပဲရောင်းဖို့ကျန်တော့တယ်"ဟု 'မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန'မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသော ယာဉ်များအား မှတ်ပုံတင်များပြုလုပ် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်အထိ ရောက်ရှိ နံပါတ် 5G/3572 ၊ DD/5912 နှင့် 8L/3844 သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

Ref : Automobile

Author