ရန်ကုန်တိုင်းဒေသကြီး ခရီးသည်တင်ယာဉ်များတွင် အသုံးပြုပြေးဆွဲမည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝယ်ယူထားသော YBS ကား အစီး ၅ဝဝ ယခုလကုန် ရောက်ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့မှ သိရပါတယ်။ ဝယ်ယူထားတဲ့ ကားတွေဒီလကုန်မှာ ကားအစီးရေ ၅ဝဝ ရောက်မှာပါ။
နောက်လတွေမှာ ကျန်တဲ့ ကားတွေရောက်မှာပါ။ အသစ်ရောက်လာမယ့်ကားတွေကို ကားဟောင်းအပ်နှံလိုက်တဲ့ ကားတွေနေရာမှ အသုံးပြုမှာပါ။ လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါတယ်။ YBS ဘတ်စ်ကားများ အတွက် တရုတ်နိုင်ငံထုတ် ဘတ်စ်ကား အစီး ၅ဝဝ အား တရုတ်နိုင်ငံ ကျင်စုပြည်နယ် လီယန်ယွန်ကန် ဆိပ်ကမ်းမှ တဆင့် ပို့ဆောင်သည့် သတင်းကို တရုတ်အစိုးရ၏ ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားသည်။ ယင်းဘတ်စ်ကားများကို
Anhui Ankai Automobile မှ ထုတ်လုပ်ပြီး သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်များဖြစ်ကြောင်းနှင့် မြန်မာနှင့် ဧပြီလတွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းသည် Belt and Road ကနဦး အစီအစဉ်များ၏ တစိတ်တဒေသ ဟု ဆင်ဟွာက ရေးသားဖော်ပြထားသည်။ မေလ အတွင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဝယ်ယူထားရှိသော
YBS ခရီးသည်ကားများသည် ကားတစ်စီးတန်ဖိုး ဒေါ်လာ ၅၆ဝဝဝ တန်ဖိုးရှိပြီး Warranty 2 နှစ်နှင့် ကီလို ၁သိန်းခွဲ အာမခံပေးထားရာ ဧပြီလ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာချူ ပ်ချူ ပ်ဆိုဝယ်ယူထားခဲ့ခြင်းဖြစ်ပါတယ်။
ခေတ်သစ်
Photo Credit