Full article

ကျွန်တော်များ MyanmarCarsDB မှ ယခင်တစ်ပါတ်မှဖော်ပြထားခဲ့သည့်[ပျက်စီးဂျပန်ကားများ တင်သွင်းဟု](http://www.myanmarcarsdb.com/news/totaled-cars-are-imported/ "ပျက်စီးဂျပန်ကားများ")ဆိုသည့် သတင်းနှင့်ပါတ်သက်၍ ထပ်မံရရှိသောသတင်းကို တင်ပြလိုက်ရပါသည်။

ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပျက်စီးနေသော မော်တော်ယာဉ်များ ပြည်တွင်းသို့တင်သွင်းသည့် ကုမ္ပဏီ ငါးခုကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်နှစ်ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုနှင် ကုန်သည်လုပ်ငန်းရှင်များ အသင်းထံမှ စုံစမ်းသိရှိရသည်။

totaled_cars

ယာဉ်တိုက်မှုဖြစ်ပွား၍ ပျက်စီးသောမော်တော်ယာဉ်များတင်သွင်းပါက အဆိုပါမော်တော်ယာဉ်များကိုဥပဒေနှင့်အညီ နိုင်ငံပိုင်သိမ်း ဆည်း၍ သံရည်ကျိုဖျက်ဆီးမည့်အပြင် ယင်းသို့ဆောင်ရွက်ခြင်းကိုလည်း အများပြည်သူထင်သာမြင်သာရှိစေ ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ပျက်စီးမော် တော်ယာဉ်များကိုတင်သွင်းလာသည့် ကုမ္ပဏီများကိုလည်း တင်သွင်းခွင့် တစ်နှစ်ပိတ်ပင်သွားမည့်အပြင် လက် ရှိကျန်ရှိနေသည့် ယင်းယာဉ်များနှင့် ထပ်မံတင်သွင်းလာသည့် ပျက်စီးယာဉ်များကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

the_voice

The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credits to orangesky3

Author

Comments