ဆိုသည့်သတင်းနှင့်ပတ်သတ်၍ ထပ်မံရရှိသော သတင်းတစ်ပုဒ်ကို တင်ပြလိုက်ပါသည်။
ပျက်စီးမော်တော်ယာဉ်များ တင်သွင်းမှုကြောင့် မော်တော်ယာဉ်တင်သွင်းခွင့် တစ်နှစ်ပိတ်ပင်ခံရသော ကုမ္ပဏီ ငါးခုသည် ထပ်မံဖောက်ဖျက်ကျူးလွန်ပါက အမည်ပျက်စာရင်းသွင်းခံရမည် ဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာနမှ အရာရှိတစ်ဦးကပြောကြားသည်။
ဂျပန်နိုင်ငံတွင်ယာဉ်တိုက်မှုဖြစ်ပွားထားသည့် ပျက်စီးမော်တော်ယာဉ်များတင်သွင်းသောကြောင့်
- အေးမိသားစု ကုမ္ပဏီလီမိတက်၊
- နာဂဝဒီဝန်ဆောင်မှုကုမ္ပဏီလိမီတက်၊
- G Five ဝန်ဆောင်မှုကုမ္ပဏီလိမီတက်၊
- ဇယံထူးကုမ္ပဏီ လိမီတက်၊
- UT Family ကုမ္ပဏီလိမီတက် တို့ကို ယာဉ်တင်သွင်းခွင့်တစ်နှစ်ပိတ်ပင်ထားကြောင်း ၎င်းကပြော ကြားသည်။
လက်ရှိတွင် အဆိုပါကုမ္ပဏီငါးခုကို တင်သွင်းခွင့် ပိတ်ပင်ရန် အတည်ပြုပြီးဖြစ်သော်လည်း တရားဝင်အမိန့်နှင့် စတင်ပိတ်ပင်မည့်နေ့ကိုမူ ထုတ်ပြန်သတ်မှတ်ရခြင်း မရှိသေးကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းကုမ္ပဏီငါးခုက တင်သွင်းလာသည့် ပျက်စီးမော်တော်ယာဉ်အရေအတွက်မှာ(၂၇)စီးခန့်ရှိပြီး လက်ရှိတွင် ရန်ကုန်မြို့ဆိပ်ကမ်းများတွင်သာ ရှိနေဆဲဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။ယင်းကုမ္ပဏီငါးခုသည် တစ်နှစ်တင်သွင်းခွင့်ပိတ်ပင်ခံရသော်လည်း ရောင်းချခွင့်ဆက်လက်ရရှိမည်ဖြစ်သည်။
The Voice Daily မှ ကူးယူဖော်ပြသည်။