Full article

နိုင်ငံတော်ဘဏ္ဍာကို တိုးတတ်စေရန်အတွက် မော်တော်ယာဉ်ရောက်ရှိနံပါတ်များတွင် နံပါတ်လှနှင့် နံပါတ်ပူးများကို ပိုင်ရှင်စိတ်ကြိုက်ဝယ်ယူမှုများကို ခွင့်ပြုလျှက်ရှိရာ ယခုအခါတွင် (4G/9999) ယာဉ် နံပါတ်ကို ကျပ်ငွေသိန်း (၄ဝ) နှင့် (4G/8888) ကိုလည်း (၃၈) သိန်းဖြင့်ကြိုတင်ဝယ်ယူမှုရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာန မှ သိရှိရသည်။

ဤကဲ့သို့ (4G/9999) နံပါတ်ကိုဝယ်ယူစဉ်တွင် မော်တော်ယာဉ်များ၏ ရောက်ရှိနံပါတ်မှာ (3G) နံပါတ်စဉ်တွင်သာရှိသေးပြီး ကြိုတင်ဝယ်ယူခြင်းဖြစ် ကြောင်းသိရှိရသည်။အဆိုပါ ကြိုတင်ဝယ်ယူခြင်း နှင့်ပတ်သတ်၍ ယာဉ်ပိုင်ရှင်များ အနေဖြင့် ရောက်ရှိနံပါတ်စဉ်အက္ခရာထက် (၂) ခုကို ကြိုတင်ယူမှုပြုနိုင်ကြောင်း က.ည.န (မြင်သာ) မှတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ယခင်ကလည်း (1G/4444) ကိုလည်း ကျပ်သိန်း (၃ဝ) ဖြင့်အများဆုံးပေး ဝယ်ယူခဲ့ကြောင်းလည်း သိရှိရပါသည်။ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေး ညွှန်ကြားရေးဦးစီးဌာနသည် ကနဦးမူသေနံပါတ်များကို ထုတ်ပေးလျှက်ရှိပြီး မိမိနှစ်သက်သည့် နံပါတ်ကိုဝယ်ယူလာပါကလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

Author