Full article

အကောက်ခွန်ဦးစီးဌာနမှ တိုက်ကြေကား(၄၂)စီးကို ထပ်မံသိမ်းဆည်းခဲ့ပြီး ထိုကားများကို သွင်းယူခဲ့သည့်ကုမ္ပဏီများသည်လည်း အရေးယူခံရဖွယ်ရှိကြောင်း "မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများအသင်း" မှသိရှိရသည်။

totaled_cars

မော်တော်ယာဉ်တင်သွင်းသူများသည် ဇန်နဝါရီ(၁၅)ရက်နောက်ပိုင်းတွင် ပြည်ပမှတိုက်ကြေကားများကို တင်သွင်းလာရာ အကောက်ခွန်ဦးစီးဌာနမှ မေလ(၁၄)ရက်တွင် တိုက်ကြေကား(၂၇)စီးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး ထိုကားများကိုတင်သွင်းခဲ့သည့်ကုမ္ပဏီများကိုလည်း ကားတင်သွင်းခွင့် တစ်နှစ် ပိတ်ပင်ခဲ့သည်။

အလားတူအကောက်ခွန်ဦးစီးဌာနမှ မေ(၃၁)ရက်တွင်လည်း ထုတ်ပေးရန်မသင့်သော တိုက်ကြေကား(၄၂)စီးကို ထပ်မံသိမ်းဆည်းခဲ့ပြီး တင်သွင်းခဲ့သည့်ကုမ္ပဏီများကိုလည်း အရေးယူရန်ရှိကြောင်း သတင်းရရှိသည်။

တိုက်ကြေကားတင်သွင်းသူများအနေဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများနှင့် အခွန်သက်သာသည့် Mini Truck များကို အဓိကထားတင်သွင်းကြောင်း သိရှိရသည်။


The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credits to orangesky3

Author

Comments