ရှစ်လတာ ကာလအတွင်း ပါဝါအိတ်ဇောတပ်ထားသည့် ယာဉ်အစီး ၄ဝ ဖမ်းဆီးမှုရှိ

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်းမဲ့ မောင်းနှင်နေမှု ရှစ်လာတာကာလအတွင်း ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ယာဉ်အစီးရေ ၄ဝထိ ဖမ်းဆီးမှုရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့မှ ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ကားများကို ညပိုင်းတွင် စီမံချက်အဖွဲ့ဖြင့် ဖမ်းဆီးနေလျှက်ရှိရာ ရန်ကုန်မြို့ Downtown အတွင်းမြို့နယ်များတွင် အများဆုံးဖမ်းဆီးရမှုရှိခဲ့သည်။ အဆိုပါဝါအိတ်ဇောတပ်ထားသည့်ကားများအား ဖမ်းဆီးမှုအများဆုံးဖြစ်သောမြို့နယ်များမှာ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အနော်ရတထာလမ်း၊ ဝေဇယန္တာလမ်းတို့တွင် အများဆုံးဖြစ်ကြောင်းသိရသည်။ပါဝါအိတ်ဇောတပ်ကားတွေကို ညဘက်စီမံချက်နဲ့ ဖမ်းဆီးတာတွေလုပ်နေပါတယ်။ ယာဉ်တွေကို ဖမ်းမိတဲ့အခါ ပါဝါအိတ်ဇောကိုဖြုတ်ပြီး ဆက်လက်အမှုဖွင့်အရေးယူထားပါတယ်။ ညဘက်မှာအဲလို ယာဉ်စည်းကမ်းမဲ့မောင်းတာတွေက ယာဉ်တိုက်မှုတွေဖြစ်စေနိုင်သလို တိုက်ပြီးရင်လည်း မောင်းပြေးတာတွေများတယ်။ ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲ့တပ်ဖွဲ့မှုး ဒုရဲမှုး အောင်ကိုဦးကပြောသည်။မော်တော်ယာဉ်၏ ပုံစံကို ပြောင်းလဲ တပ်ဆင်ထားသည့် ယာဉ်များကိုလည်း အရေးယူဆောင်ရွက်နေလျက်ရှိကြောင်းသိရသည်။

Author