တစ်စီးကို လေးနှစ်ကြာအောင် အချိန်ယူထုတ်လုပ်ခဲ့ရတဲ့ ဒေါ်လာ ၁၂.၈ သန်းတန် Rolls-Royce ရဲ့ နောက်ဆုံးမျိုးဆက် Rolls-Royce Sweptail 2017

0

Full article

![width=300](/redline/content/images/2017/06/1-300x225.jpg)

Photo Creedit

၁၉ဝ၆ ခုနှစ်ကတည်းက ဇိမ်ခံကားကောင်းတွေကို ထုတ်လုပ်ခဲ့တဲ့ Rolls-Royce ကားကုမ္မဏီကြီးရဲ့ အစဉ်အလာကြီးမားတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်မှုဟာ သိပ်ချီးကျူးစရာကောင်းပါတယ်။

width=200 width=200

width=300

အခုလည်း ထိန်းသိမ်းလာတဲ့ အစဉ်အလာအရ ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံကားတစ်စီးကို စိတ်လှုပ်ရှားဖွယ်ရာ ထုတ်ပြလိုက်ပါပြီ။ ဒီကားအကြောင်းကို ဇာတ်ရှိန်မြှင့်ပေးရမယ်ဆိုရင်တော့ လေးနှစ်လေးမိုးလုံးကို စက်အင် အားအသုံးမပြုပဲ လက်မှုပညာဖြင့် အနုစိတ်တပ်ဆင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကားထဲမှာ လှပတဲ့ ကောင်းကင်ပြင်ကြီးတစ်ခုလုံးကို အပြည့်အဝခံစားနိုင်ဖို့ မြင်ကွင်းကြယ် ဖန်သားပြင်နဲ့ ဆင်ယင်ထားတဲ့ ကားရဲ့ခေါင်မိုးပြင်ကြယ်ကြီးလည်းပါဝင်လာပါတယ်။ Rolls-Royce ကားကို သည်းသည်းလှုပ်စီးနေသူများအတွက်တော့ ဟိုအရင်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တွေတစ်ကယ်ဖြစ်လာသလို ဖန်တီးပေးထားတဲ့ နှစ်ယောက်စီး ဇိမ်ခံကားကောင်းတစ်စီးလို့ပြောရင်လည်း မမှားပါဘူး။Rolls-Royce Sweptail 2017 ကားလေးဟာ = Rolls-Royce ကားတွေရဲ့အစဉ်အလာဖြစ်တဲ့ အများနဲ့မတူ တမူးထူးတဲ့ ဒီဇိုင်းရဲ့ ရသကို မပျက်စေပဲ ထုတ်လုပ်ထားတဲ့အပြင် အတွင်းခန်းမှာလည်း High-Class ကားတွေရဲ့ အမှတ်သညာဖြစ်တဲ့ မဟော်ဂနီသားကို ထည့်သွင်း အသုံးပြုထားတာကတော့ ဇိမ်ခံ ကားချစ်သူတွေအတွက် အူလှိုက်အသဲလှိုက် လိုချင်စရာကောင်းတဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဆွဲဆောင်မှုရှိတဲ့ အချက်ကတော့ ခလုတ်ကလေးတစ်ချက်နှိပ်ရုံနဲ့ တန်ဖိုးအမတန်ကြီးလှတဲ့ Rolls-Royce ရဲ့ Crystal ရှန်ပိန်ခွက်နှစ်ခွက် နဲ့အတူ ရှန်ပိန်အေးအေးလေးကို ကားထဲမှာအဆင်သင့်ရှိနေခြင်းကြောင့် လိုက်ပါစီးနင်းသူ ခရီးသည်နှစ်ဦးအတွက် စမတ်ကျကျ ရှန်ပိန်ဝိုင်းအဖြစ် ဖန်တီးနိုင်ပြီဖြစ်ပါတယ်။ ကားထဲမှာစမတ်ကျကျထိုင်ရင်း ကောင်းကင်ပြင်ကြယ်ကြီးရဲ့ အလှအပနဲ့ သဘာဝတရားကြီးကို အပြည်အဝခံစားကာ ရှန်ပိန်သောက်ပြီး ဇိမ်ကျဖို့ကတော့ Rolls-Royce Sweptail 2017 တစ်စီးပဲ တတ်နိုင်တယ်နော်။

Author