4 Doors Double Cab ကားများ ၂ဝဝ၇ မိုဒယ်ကို လုပ်ငန်းသုံး Pick Up ယာဉ်အဖြစ်စတင် တင်သွင်းခွင့်ပြု

0

Full article

ပြည်ပမှ တင်သွင်းလာသည့် 4 Doors Double Cab ကားများကို ၂ဝဝ၇ မိုဒယ်မှစ၍ လုပ်ငန်းသုံး Pick Up ယာဉ်အဖြစ် စတင်၍ ပါမစ် လျှောက်ထားခွင့်ပြု နေပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကနေ သိရသည်။

အဆိုပါ 4 Doors Double Cab ကားများသည် ယခင်က လူစီးအုပ်စုဝင်ကားအမျိုးအစားများဖြစ်ရာ အခွန်များစွာပေးဆောင်ရပြီး ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်သွင်းခွင့်ပြုသော ကားအမျိုးအစားများ ဖြစ်သည်။

ထိုကားများအား လုပ်ငန်းသုံး Pick Up အဖြစ် လိုင်စင်လျှောက်ထားခွင့်ပြုထားရာ လိုင်စင်ပါမစ် လျှောက်သူများပြားနေကြောင်း သိရသည်။

"Double cab ကားတွေကို လူစီးအုပ်စုကနေ တစ်ဆင့်နိမ့်တဲ့ လုပ်ငန်းသုံးကားနဲ့ မှတ်ပုံတင် ခွင့်ပေးပါတယ်။ ကုန်တင်ဝန်ပေါ့ အုပ်စုဝင်ကားတွေ အဖြစ် မှတ်ပုံတင်ခွင့်ပြုတာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

ကုန်တင်ဝန်ပေါ့ အုပ်စုဝင် Pick Up ကားများဖြစ်သည့် Cab over, Double Cab ယာဉ်အဖြစ်မှတ်ပုံတင်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါသည်။

M-01

Author