Full article

ယခုနှစ် သင်္ကြန်ကာလ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန်အတွက် ရန်ကုန်မြို့ရှိ လမ်းမကြီး (၃) လမ်းကို တစ်လမ်းသွားစနစ် ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Thingyan-jeep2

သင်္ကြန်အကြိုနေ့ ဧပြီ (၁၃) ရက်နေ့မှစ၍ အတတ်နေ့ (၁၆) ရက်နေ့အထိ နံနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်း လမ်းမကြီး (၃) လမ်းအား တစ်လမ်းသွားစနစ် ကျင့်သုံး မည် ဖြစ်ကြောင်း သိရှိရသည်။ တစ်လမ်းသွားစနစ် ကျင့်သုံးမည့် လမ်းမများမှာ

(က)    ဆရာစံလမ်း၊ ကမ္ဘာအေးစေတီလမ်း ၊ ဟာမစ်တစ်မှ စက်မှုဇုံ (၁) လမ်းဆုံ ၊ ရန်ကင်း Center အထိအနောက်မှ အရှေ့သို့ တစ်လမ်းမောင်း သတ်မှတ်သည်။

(ခ)     မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းအထိ အရှေ့မှ အနောက်သို့ တစ်လမ်းမောင်း သတ်မှတ်သည်။

(ဂ)     ကန်တော်ကြီးပတ်လမ်း ၊ ဗဟန်းအဝိုင်း၊ တိရိစ္ဆာန်ဥယာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ အဝင်လမ်းသတ်မှတ်ပြီး ကန်ရိပ်သာလမ်းအတိုင်း လက်ဝဲရစ်မောင်းနှင်၍ ၄င်းမှ နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးစေတီလမ်းဆုံ သို့အထွက်သက်မှတ်ထား ရှိသည်။

ထို့အပြင် ကန်တော်ကြီးပတ်လမ်းတွင် သင်္ကြန်ကာလအတွင်း မနက် (၆) နာရီမှ ညနေ (၆) နာရီ အထိ မော်တော်ယာဉ်များ ရပ်နားခြင်း မပြုကြရန်နှင့် မော်တော်ယာဉ်များ သည် သတ်မှတ်ထားသည့် လမ်းများမှ မောင်းနှင်နိုင်ရန် အတွက်လည်း အသိပေး နှိုးဆော်မှု များ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။ မြန်မာ့ရိုးရာသင်္ကြန်ရေ ကစားရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ၂၉ဝ/၂၉၄ အရ အရေးယူမည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ ၂၉ဝ အရ ဒဏ် ငွေ ၂ဝဝ ကျပ်၊ ပုဒ်မ ၂၉၄ အရ ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေစာအုပ်တွင် ဖော်ပြပါ ရှိသည်။

Ref : Auto World

Author