Full article

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် 3H အက္ခရာများကို ဇွန် ၂၃ရက်က စတင်ထုတ်ပေးခဲ့ပြီး နံပါတ်အလှရောင်းချမှုဖြင့် 5H/9999 ကို ၆၈သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

11170459556_17ff97abb0

ကနဦးမှတ်ပုံတင်ဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များ စိတ်ကြိုက်နံပါတ်အလှများရောင်းချပေးလျက်ရှိရာ 3H အက္ခရာလေးလုံးပူးနံပါတ်များထဲတွင် ဇွန်၂၄ရက်အထိ လေးလုံးပူးနံပါတ်ခြောက်ခုအထိရောင်းချခဲ့ရပြီး 3H/1111၊ 3H/4444 နှင့် 3H/6666 သုံးခုသာ ရောင်းရန်ကျန်ရှိတော့မည်ဖြစ်သည်။ ရောင်းချပြီးသော 3H အက္ခရာလေးလုံးပူးနံပါတ်များထဲတွင် 3H/2222 ကို ကျပ် ၂၂သိန်း၊ 3H/3333 ကို ကျပ်၃၂သိန်း၊ 3H/5555 ကို ကျပ် သိန်း၃ဝ၊ 3H/7777 ကို ကျပ် ၃၄သိန်း၊ 3H/8888 ကို ကျပ်၃၄သိန်းနှင့် 3H/9999 ကို ကျပ်သိန်း၄ဝဖြင့် ရောင်းချခဲ့ပြီးဖြစ်သည်။ အက္ခရာ ကြိုတင်ရောင်းချမှုအရ 4H နှင့် 5H အက္ခရာများထဲမှ လေးလုံးပူးနံပါတ်များဖြစ်သော 4H/5555 ကို ကျပ်၄၄သိန်း၊ 4H/8888 ကို ကျပ်၄၆သိန်း၊ 5H/5555 ကို ကျပ် ၆၂ သိန်းနှင့် 5H/8888 ကို ကျပ် ၇၆သိန်းနှင့် 5H/9999 ကို ကျပ် ၆၈သိန်းဖြင့် အသီးသီးရောင်းချခဲ့ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

ဇွန် ၂၃ရက်တွင် 2H အက္ခရာများ ကုန်ဆုံးသွားပြီးနောက် 3H အက္ခရာများ ဆက်လက်ထုတ်ပေးခဲ့ရာ ဇွန် ၂၄ရက်အထိ 3H အက္ခရာနံပါတ် 3H/2225 နှင့် EE/2389 အထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁က အစီးရေ ၃၇၄ဝရှိရာ ဇွန် ၂၄ရက်အထိ အစီးရေ ၃၁၆ဝ အပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Reference: Automobile Journal, June 27 2014 မှ ကူးယူဖော်ပြပါသည်။

Author