၃၄ ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲကို မတ် ၂၈ မှ ဧပြီ ၈ အထိ ကျင်းပပြု လုပ်လျှက်ရှိ

0

Full article

.


.unicode
"သွားလာရေး တော်လှန်မှု" (revolution in motion) သဘောတရားကို အခြေခံကာ ကျင်းပပြုလုပ် သော ၃၄ ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲကို ဘန် ကောက်မြို့ impact challenger ခန်းမကြီးတွင် မတ် ၂၈ မှ ဧပြီ ၈ အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံပေါင်း ၁၁ နိုင်ငံမှ လုပ်ငန်းပေါင်း ၁၆၉ ခု ပါဝင်ပြီး ဂျပန်၊ ဂျာမဏီ၊ အင်္ဂလန်၊ ကိုရီးယား၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့မှ မော်တော်ယာဉ်အမှတ်တံဆိပ်ပေါင်း ၃ဝ၊ မော်တော်ယာဉ် အပိုပစ္စည်းများ၊ အသံစနစ်များနှင့် ကားအရောင်တင်ခြင်းဝန်ဆောင်မှုပေးသော လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
Audi, BMW, Bentley, Mercedes-Benz, MINI, Jaguar, Porsche, Land Rover, Volvo, MG, Ford, Maserati နှင့် Chevrolet အစရှိသည်တို့မှ ကားများ၊ Kawasaki, Yamaha, Harley Davidson နှင့် Ducati အစရှိသည့် မော်တာဆိုင်ကယ် လုပ်ငန်းများစွာပါဝင်ကြောင်း သိရသည်။
ပြပွဲကျင်းပရာ ၁၁ ရက်အတွင်း အစီအစဉ်ပေါင်းများစွာပါဝင်ပြီး အချို့သော နာမည်ကြီး ထိုင်းအနုပညာရှင် များလည်းပါဝင်ကြောင်းသိရသည်။
Grand Prix International ၏ ဥက္ကဋ္ဌ ဒေါက်တာ Prachin Eamlumnow က ယခုနှစ်ကျင်းပပြုလုပ်သော မော်တော်ယာဉ်အရောင်းပြပွဲသို့ လာရောက်လည်ပတ်သူ ၁.၆ သန်းကျော်ရှိလိမ့်မည်ဟု မျှော်မှန်းထား ကြောင်း သိရသည်။

Author