နေပြည်တော်တွင်ပြုလုပ်ကျင်းပမည့် အကြိမ် ၃ဝ မြောက် AAF အစည်းအဝေးနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲအား AAM မှပြုလုပ်

0

Full article

လာမည့် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် AAF (ASEAN Automotive Federation) ၏ အကြိမ် ၃ဝ မြောက် အစည်းအဝေးကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပသွားမည်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ဆင်မလိုက်အဝေးပြေးအိမ်ရာရှိ မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ) အသင်းရုံးတွင် မတ်လ ၁၁ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် AAM (Automotive Association of Myanmar: မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)) အသင်း၏ ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်နှင့် အမှုဆောင်အရာရှိ ဦးမျိုးချိုတို့မှ နေပြည်တော်တွင် ပြုလုပ်ကျင်းပသွားမည့် AAF အစည်းအဝေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသွားခဲ့သည်။  အကြိမ် ၃ဝ မြောက် AAF ၏ TC3/TC5 – JAMA meeting ကို မတ်လ ၁၈ နှင် ၁၉  ရက်နေ့များတွင် နေပြည်တော်ရှိ Mgallery တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
AAM အသင်း၏ ရည်ရွယ်ချက်မှာ "ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်လုပ်ငန်းတွင် အာဆီယံဈေးကွက်ဝေစု ချဲ့ထွင်ရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန်" အတွက် အဓိကထားကြိုးပမ်းလျက်ရှိပြီး မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် စံသတ်မှတ်ချက်ရှိသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည် ဟူ၍လည်း ပြောကြားခဲ့သည်။

Author