ဒိုင်နာနှင့် ဟိုင်းလတ်ကားများ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်း ၂၆ လိုင်းစတင်ဖျက်သိမ်း

0

Full article


ခရီးသည်ယာဉ်လိုင်းများဖြစ်သော ဒိုင်နာနှင့် ဟိုင်းလတ်ကားများဖြင့် ပြေးဆွဲနေသော ယာဉ်လိုင်း ၂၆ လိုင်းကို ပြေးဆွဲခွင့်ဖျက်သိမ်းနေပြီဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ အဆိုပါ ခရီးသည်တင်ယာဉ်လိုင်း ၂၆ လိုင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖျက်သိမ်းခဲ့ပြီး ထပ်မံ၍ ယာဉ်အစီးရေ နည်းပါးနေပြီး ပြန့်ကျဲနေသော ယာဉ်လိုင်းများကို တစ်ခြားယာဉ်လိုင်းထဲဝင်ရောက်ပူးပေါင်းပြေးဆွဲသွားမည်ဖြစ်သည်။

အခုလက်ရှိမှာ ယာဉ်အစီးရေ နည်းပါးပြီး ယာဉ်လိုင်းတွေပြန်ကျဲနေတာကို စုစည်းသွားမှာဖြစ်တဲ့အတွက် ဖောင်းပွနေတဲ့ ယာဉ်လိုင်း ၂၆ လိုင်းဖျက်သိမ်းသွားမှာပါ။ နောက်ပိုင်းလည်း ထပ်ပြီး ဖျက်သိမ်းသွားမယ့် ယာဉ်လိုင်းတွေရှိပါတယ်။ ယာဉ်လိုင်း ၅ဝ လောက်ပဲထားရှိဖို့ စီစဉ်ထားပါတယ်။ ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုဖျက်သိမ်းသွားမည့် ယာဉ်လိုင်းများတွင် မကြာမခဏတိမ်းမှောက်လျက်ရှိသော ဒိုင်နာယာဉ်နှင့် ဟိုင်းလတ်ယာဉ်လိုင်းအများဆုံးပါဝင်ကြောင်းသိရသည်။ ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အနေဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ၏ ပြေးဆွဲမှုစနစ်ကျစေရန် လုပ်ဆောင်လာပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းရန်ကိုလည်း လုပ်ဆောင်နေလျှက်ရှိသည်။

ခေတ်သစ်

Author