၁၉၉၅ မိုဒယ်အောက်ခရီးသည်တင်ကားအစီးရေ ၂၅ဝဝ ကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံ၍ လူစီးစလစ်ထုတ်ယူ ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီး ဌာနက သိရပါတယ်။ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ကားအစီးရေ ၂၅ဝဝ ကို အပ်နှံခွင့်ပေးလိုက်ပါပြီ။ အပ်နှံမယ်ခွင့် ပေးလိုက်တဲ့ကားတွေကို လူစီးစလစ်ထုတ်ပေးမှာပါ။ တစ်ချိူ့ခွင့်မပြုထားတဲ့ ကားတွေလည်းရှိပါတယ်။လို့ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ ၁၉၉၅ မိုဒယ်အောက် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို အထူးစီမံချက်အနေဖြင့် ကားဟောင်းအပ်နှံပြီ လူစီးစလစ်ထုတ်ပေးလျှက်ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လာရောက်အပ်နှံရန်တင်ပြထားသော ကားအစီးရေမှာ ၃ဝဝ၉ စီးရှိကြောင်းသိရပြီး ဆက်တိုက်ဆိုသလို အပ်နှံခွင့် ပြုမိန့်ထုတ်ပေးနေတယ်လို့ ပြောပါတယ်။ ယခင်က ခရီးသည်တင်ယာဉ်လိုင်းများမှာ ယာဉ်ကြံခိုင်မှူမရှိတဲ့ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ကားများဖြစ်တဲ့ကား စီးတီးဘတ်စ် ၊ ဒိုင်နာနှင့် ဘီအမ်ကားများကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီ လူးစီးစလစ်ထုတ်ပေးရန် တင်ပြထားသည့် ကားအစီးရေ ၃ဝဝ၉ စီးတွင် ကားအစီးရေ ၁၃၉၆ စီး အပ်နှံထားရှိပြီ ဖြစ်ပါတယ်။
ခေတ်သစ်
Photo Credit