ယခင်က တံတားပေါ်ဖြတ်သန်းမှုကို ၃၆ တန်ကားများထိဖြတ်သန်းသွားလာခွင့်ပြုထားပြီး လမ်းပျက်စီးမှု အခြေအနေကြောင့် ၂၅ တန်ကားများကိုမူ ကုလားဝဲတံတား ဘက်မှ ဖြတ်သန်းသွားရမည်ဖြစ်သည်။
အရင်က တံတားပေါ်ကနေ ၃၆ တန်အထိခွင့်ပြုပေးထားပါတယ်။ လမ်းပျက်စီးတာတွေပြုပြင်မှဖြစ်လို့ ၂၅ တန်အောက်ကားပဲဖြတ်သန်းခွင့်ပေးမှာဖြစ်ပါတယ်။ ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့မှုးရုံးတာဝန်ရှိသူတစ်ဦးကပြောပါသည်။
သံလျင်တံတားအနီး Star City စီမံကိန်း အဝင်အထွက်လမ်းအား ကားသွားလာမှုများလာသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေသဖြင့် သီးခြားလမ်းတစ်ခုဖောက်လုပ်ရန်ရှိကြောင်းသိရသည်။
ခေတ်သစ်