သက်တမ်းနှစ် နှစ်ဆယ်ပြညြ့်ပီး ယာဉ်အိုယာဉ်ယောင်းအပ်နှံပြီး အစားထိုးတင်သွင်းသည့် စနစ်အစား အခြားနည်းလမ်းတစ်ခုဖြင့် ကားတင်သွင်ခြင်းကို လုပ်ဆောင်ရန် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနနှင့် မြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန်းဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းတို့တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
လတ်ရှိတွင် သက်တမ်းနှစ်နှစ်ဆယ် ကားဟောင်းတစ်စီးအပ်နှံပီး ကားသစ်တစ်စီးအစားထိုးတင်သွင်းရန် ကားဟောင်းစလစ်တစ်စောင်ကို ကျပ် ၁ဝ၇ သိန်းဝန်းကျင်ရှိနေရာ ဂျပန်နိုင်ငံမှ မှာယူတင်သွင်းတဲ့ ကားတစ်စီးစာဈေးနှူန်းဖြစ်နေတယ်လို့သိရပါတယ်။
ယခင်ရက်များက ကားဟောင်းစလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၂ဝ ထိမြင့်တက်ခဲ့ရာ စီးတီးဘတ်စ်ကားများ ဘီအမ်ကားများ အပ်နှံခွင့်ပေးနေသဖြင့်ပြန်လည်ကျဆင်းလာနေတယ်လို့သိရပါတယ်။
ခေတ်သစ်