အသစ်ထွက်လာတဲ့ Hyundai Accent 2021 လေးစီးမယ်ဆိုရင်

0

Full article

Hyundai ရဲ့ Accent မျိုးဆက်သစ် 2021 ။ ထွက်လာပါပြီ။

အကောင်းဆုံးအချက်ကို နောက်ဆုံးမှပြောပါရစေနော်။

လောလောဆယ်တော့ ဘယ်လို features အသစ်တွေပါမှာလဲ ကြည့်ကြည့်ရအောင်။

Hyundai Accent 2021 ကိုမြင်တာနဲ့ လူတိုင်းပထမဆုံးသတိထားမိမှာက ရှေ့ grille နဲ့ headlamps design အသစ်တွေပါ။ ပိုပြီးခေတ်မီတယ်၊ ခံစားချက်ကို ပိုပြီးတက်ကြွစေတယ်။ ဒါက design ပိုင်း။ အရည်အသွေးပိုင်းမှာလဲ တိုးတက်မှုတွေပါနေတာကိုတွေ့ရတယ်။ အဲဒါကတော့ halogen reflector headlamps တွေနေရာမှာ ခေတ်မီ projector headlamps တွေဖြစ်သွားတယ်။ ဒါ့အပြင် LED မီးလုံးတွေနဲ့မို့လို့ ဒါဟာ အခုအချိန်မှာ ခေတ်အမီဆုံးထဲက တခုဖြစ်တဲ့ မီးလုံးအမျိုးအစားတွေသုံးထားတယ်လို့ ပြောလို့ရပါတယ်။ Projection lamps တွေအနေနဲ့က fog lamps တွေကအစဖြစ်သွားတာ။ ဒါ့အပြင် အားလုံးမျှော်လင့်ထားတဲ့အတိုင်း LED daytime running lamps တွေလည်း ပါလာပါပြီ။ နောက်တချက် ထူးခြားတာက ကား steering လှည့်တဲ့အပေါ်မူတည်ပြီး လင်းပေးနိုင်စွမ်းရှိတဲ့ static bending light တွေပါဝင်လာတာပါ။ ဒါဟာ ညပိုင်းမောင်းနှင်မှုအတွက် အကောင်းဆုံးအတွေ့အကြုံကိုပေးစွမ်းနိုင်မှာသေချာပါတယ်။

နောက်ဘက်မှာဆိုရင်လည်း နောက် bumper design ကပြောင်းသွားတယ်။ ပိုပြီးကြွလာတယ်။ အကောင်းဆုံးအချက်က 3D LED မီးတွေဖြစ်သွားတယ်။ Rear combination lamps တွေဖြစ်တဲ့အတွက် နောက်ဖုံးပေါ်ကမီးတန်းတွေကပါ ရောင်ပြန်မဟုတ်တော့ဘဲ တကယ်လင်းတဲ့ လှပတဲ့နောက်မီးတန်းကို ရရှိစေမှာပါ။

Hyundai Accent 2021 ရဲ့ နံဘေး design ကတော့ သိပ်အပြောင်းလဲကြီးမရှိဘူး။ အရင်အချိုးပဲဆိုပါတော့။ ဒါပေမဲ့ 14-inch ဘီးတွေက rim design အသစ်တွေ။ ပိုပြီးနုပျိုတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ရှေ့နောက်ဘီးအားလုံးကို disc brakes တွေချည်းသုံးပေးထားတာကတော့ ခပ်သွက်သွက်လေးမောင်းချင်တဲ့သူတွေအတွက် တကယ်ကို safety ပိုဖြစ်စေနိုင်တယ်လို့ ပြောနိုင်ပါတယ်။

အတွင်းခန်းထဲကို ဝင်မထိုင်မီ remote key နဲ့ engine ကိုကြိုနှိုးလို့ရတဲ့အချက်ကလည်း သဘောကျစရာပါ။ သိတဲ့အတိုင်း ပူအိုက်တဲ့ရာသီတွေမှာ အရမ်းပူတဲ့ အတွင်းခန်းထဲကို ဝင်ထိုင်စရာမလိုတော့တဲ့အပြင် မနက်ခင်း ကားကြိုနှိုးဖို့အတွက် တကူးတက ကားထဲဝင်နေစရာမလိုတော့ဘူးပေါ့။ 2021 ထုတ်ကားဖြစ်တာနဲ့ လျော်ညီစွာ သားရေကြိုးချုပ် steering တွေ၊ push-start button တွေပါဝင်တယ်။ ထိုင်ခုံတွေကတော့ 2020 လိုမျိုး artificial leather seats တွေပါ။

သိပ်မပြောင်းလဲဘူးထင်ကောင်းထင်ရမယ်။ ဒါပေမဲ့ ကားစက်နှိုးလိုက်တဲ့အချိန် မြင်ရမယ့် all digital cluster လို့ခေါ်တဲ့ digital driver display ကတော့ သိပ်ကိုကျေနပ်စရာကောင်းစေမှာ သေချာတယ်။ ဒါ့အပြင် 8-inch infotaiment ကလည်း ရှင်းရှင်းလင်းလင်းနဲ့ တုံ့ပြန်မှုလည်းကောင်းတယ်။ Apple CarPlay ရော Android Auto ပါချိတ်သုံးလို့ရတော့ပိုကောင်းတာပေါ့။ ဒီထက်ကောင်းတဲ့အချက်က နောက်ကင်မရာမြင်ကွင်းပါ။ 2020 လိုမျိုး နောက်ကြည့်မှန်မှာ အကွက်သေးသေးလေးနဲ့ပြမယ့်အစား 8-inch infotainment ပေါ်မှာ ကြည်တောက်ရှင်းလာပြတာဖြစ်တဲ့အတွက် ဒါဟာ ဝယ်ယူအားပေးသူတွေ လိုချင်နေတဲ့အချက်တခုဖြစ်နေတာ အမှန်ပါပဲ။

ထပ်ဆောင်းအနေနဲ့ ရှေ့နောက်လေကာမှန်တွေမှာ ရေငွေ့မကပ်ရလေအောင် heating system တွေပါတဲ့အပြင် ဘေးမှန်တွေမှာလည်း အပူပေးစနစ် ပါတဲ့အတွက် မိုးရာသီမှာ သိပ်အသုံးဝင်ပါတယ်။ နောက်တချက် ဘေးမှန်တွေက electric စနစ်နဲ့ မှန်ချိုးမှန်ခေါက်လုပ်လို့ရပါတယ်။

အရောင်ကတော့ အဖြူ၊ ခဲ၊ နက်ပြာနဲ့ အနီ ဆိုပြီး လေးရောင်လာပါတယ်။ အားလုံးဟာ လူကြိုက်များတဲ့အရောင်ချည််းမို့လို့ ရွေးချယ်ဖို့တောင်ခက်သွားနိုင်ပါတယ်။

တန်ဖိုးကတော့ ၂၉၉ သိန်းပါ။

အပေါ်မှာပြောထားတဲ့အတိုင်း အကောင်းဆုံးအချက်ကိုပြောပါရစေ။

Hyundai Accent 2021 ဟာ ကိုရီးယားအမှတ်တံဆိပ်ကားဖြစ်ပြီးတော့ ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး SKD စနစ်နဲ့ထုတ်လုပ်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်လိုင်စင်၊ ဝယ်သူအမည်ပေါက်ရရှိနိုင်မှာဖြစ်တဲ့အတွက် ဒီထက်ကောင်းတဲ့ အချက်တောင် ဒီလောက်မကောင်းဘူးလို့ ဆိုပါရစေတော့။

Author