မမှန်ကန်သည့်အချက်များကို YouTube တွင်တင်သည်ဟုဆိုပြီး ဗီယက်နမ် ကားကုမ္ပဏီ VinFast မှ ၎င်း၏ customer အား ရဲ သို့တိုင်ကြား

0

Full article

ဟနွိုင်း (ရိုက်တာ) — ဗီယက်နမ်ကားကုမ္ပဏီ VinFast သည် ၎င်းကုမ္ပဏီမှ ကားဝယ်ယူထားသူတယောက်အား ကား၏အရည်အသွေးနှင့်ပတ်သက်၍ YouTube တွင်တင်လိုက်ခြင်းကြောင့် ရဲ သို့တိုင်ကြားခဲ့သည်ဟုသိရသည်။

Tran Van Hoang ဟုခေါ် ဗီယက်နမ် YouTuber သည် follower ၄၅၅,၀၀၀ ကျော်ရှိသူဖြစ်၏။ ၎င်းက သူဝယ်ယူထားသော VinFast Lux A2.0 ကားအကြောင်းကို YouTube တွင်တင်ရာ၌ VinFast ၏ ကျော်ကြားမှုကို ထိခိုက်စေသော မမှန်ကန်သည့်အချက်များပါဝင်သည်ဟုဆိုဟု ကုမ္ပဏီဘက်မှ မေလ ၂ ရက် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

“Mr. Tran Van Hoang က အဲဒီဗီဒီယိုကို ချက်ခြင်းဆိုသလိုဖျက်လိုက်ပေမဲ့ ကျနော်တို့မှာ သက်သေတွေသိမ်းဆည်းထားပြီးဖြစ်သလို ရဲကိုလည်းတိုင်ကြားပြီးပါပြီ” ဟုအဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ရဲမှ အဆိုပါတိုင်ကြားချက်ကို လက်ခံထားပြီး Mr. Hoang နဲ့တွေ့ဆုံရန်ရှိနေသည်” ဟုလည်းသိရသည်။

VinFast သည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးလုပ်ငန်းစုကြီးတခုဖြစ်သည့် Vingroup ၏ အစိတ်အပိုင်းတခုဖြစ်သည်။ လာမည့်နှစ်တွင် အမေရိကသို့ လျှပ်စစ်ကားများပို့ဆောင်ရန်ရှိသည်ဟု ၎င်းတို့၏ CEO က ထုတ်ဖေါ်ပြကြားထားသည်။

ကုမ္ပဏီ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့်အထိ ရှိလာနိုင်မည်ဖြစ်ပြီး ကနေဒါနှင့် ဥရောပနိုင်ငံများသို့လည်း ကားများတင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ယခုအချိန်တွင် ဖျက်လိုက်ပြီဖြစ်သောလည်း အဆိုပါဗီဒီယိုသည် internet တွင်ပျံ့နှံ့သွားပြီးဖြစ်ပြီး ဗီဒီယိုထဲတွင် Hoang က VinFast ကားကို ပိုင်ဆိုင်ရသည့်အတွက် ဂုဏ်ယူကြောင်းဆိုထားပြီး ၎င်းမကြိုက်နှစ်သက်သော အချက်တချိို့ကိုလည်း ပြောဆိုထားသည်ကိုတွေ့ရသည်။

Vingroup ကို ဗီယက်နမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလီယံနာ Pham Nhat Vuong ကတည်ထောင်ထားသည်ဖြစ်ပြီး ကားထုတ်လုပ်ရေးအပြင် အိမ် ခြံ မြေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကျောင်းလုပ်ငန်း၊ ဆေးရုံလုပ်ငန်းနှင့် smartphones လုပ်ငန်းများကို လုပ်ကိုင်နေသည့် လုပ်ငန်းစုကြီးဖြစ်သည်။

Ref: Vietnam's VinFast reports customer to police after 'untrue' YouTube complaints

Author