အလိုအလျောက်မောင်းနှင်မှုနှင့် လျှပ်စစ်ကားတို့ကို ပိုမိုထုတ်လုပ်ရန်အတွက် Toyota သည် Isuzu တွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်

0

Full article

ကုမ္ပဏီတို့သည် စီးပွားဖြစ်မော်တော်ယာဉ်များကို ပူးတွဲထုတ်လုပ်သွားရန် ရည်ရွယ်

ဂျပန်တို့၏ အကြီးဆုံး မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်သည့် Toyota သည် အလိုအလျောက်မောင်းနှင်ခြင်းနှင့် လျှပ်စစ်ကားထုတ်လုပ်ရေးကို ပိုမိုဦးစားပေးထုတ်လုပ်နိုင်ရန်အတွက် Isuzu Motors တွင် ပြန်လည်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုက်သည်။

Isuzu ၏ အစုရှယ်ယာ ၄.၆% အတွက် Toyota သည် အမေရိကန် ဒေါ်လာ ၃၉၄ သန်း (၄၂.၈ ဘီလီယံယန်း) အသုံးပြုသွားမည်ဖြစ်ပြီး ဂျပန်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်ရေးနှစ်ခု၏ ယခင်ရင်းနှီးမြှုပ်နှံမှုများ အဆုံးသတ်ပြီး သုံးနှစ်အကြာတွင် ပြန်လည်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ ပြန်လည်ရင်းနှီးမြှုပ်နှံမှုတွင် Toyota ၏ လက်အောက်ခံကုမ္ပဏီတခုဖြစ်သော Isuzu ၏ ပြိုင်ဘက်ဟု ယူဆဖွယ်ရာရှိသည့် Hino Motors သည်လည်း ပူးတွဲဆောင်ရွက်သူအသစ်အဖြစ် ပါဝင်လာသည်ကို တွေ့ရသည်။

"တကယ်လို့ Hino နဲ့ Isuzu အတူတူ အလုပ်လုပ်ဖြစ်မယ်ဆိုရင် သူတို့ဟာ ဂျပန် စီးပွားဖြစ်မော်တော်ယာဉ်ဈေးကွက်မှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ၈၀% အထိ ဖြည့်ဆည်းပေးနိုင်မှာပါ။ Toyota ရဲ့ CASE နည်းပညာဟာ ထောက်ပံ့ပို့ဆောင်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ပြိုင်ဆိုင်မှုသာမက ပူးတွဲလုပ်ဆောင်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ရွှေ့လျားသွားလာမှုအတွက် အရေးအကြီးဆုံးသော တိုးတက်မှုတွေကို ရရှိနိုင်ပါလိမ့်မယ်" ဟု Toyota ၏ CEO ဖြစ်သူ Akio Toyoda က ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Ref: Toyota reinvests in Isuzu for self-driving and EV push

Author