ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်မှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံးကားအမှတ်တံဆိပ်အဖြစ် Volkswagen ကိုကျော်ဖြတ်ပြီး Toyota ကားအမှတ်တံဆိပ်ရပ်တည်

0

Full article

ပြီးခဲ့တဲ့၂၀၂၀ပြည့်နှစ်မှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံးကားအမှတ်တံဆိပ်အဖြစ် Toyota ကားအမှတ်တံဆိပ်ဟာ Volkswagen အမှတ်တံဆိပ်ကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့တာပဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် ဥရောပနိုင်ငံတော်တော်များများရဲ့ စီးပွားရေးတွေကျဆင်းခဲ့ရသည်။ အထူးသဖြင့် ဥရောပရဲ့ စက်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံဟာလည်း ဥရောပမှာ Covid-19 ကူးစက်ခံရမှုအများဆုံး ဆယ်နိုင်ငံစာရင်းထဲမှာ ပါဝင်ခဲ့သည်။ ထို့ကြောင့် ဂျာမနီနိုင်ငံအခြေစိုက် Volkswagen ကားအမှတ်တံဆိပ်အနေနဲ့ ကားထုတ်လုပ်မှုတွေကျဆင်းခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်ရဲ့ ရောင်းအားအကောင်းဆုံးကားအမှတ်တံဆိပ်စာရင်းမှာ Toyota အမှတ်တံဆိပ်ရဲ့ ကျော်ဖြတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

၂၀၂၀ပြည့်နှစ်ရဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံးအမှတ်တံဆိပ်ဖြစ်လာတဲ့ Toyota အမှတ်တံဆိပ်အနေနဲ့ ယခုလိုရပ်တည်နိုင်ခြင်းမှာ နောက်ဆုံးငါးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး .. Toyota ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ …

“ဒီအဆင့်သတ်မှတ်ချက်ဟာ ကျနော်တို့ Toyota အတွက်မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဖောက်သည်တွေအတွက်ပါ”

ဟု ဆိုခဲ့သည်။

ယခုလို Toyota အနေဖြင့် Volkswagen ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားအမှတ်တံဆိပ်ဖြစ်လာခြင်း၏ အကြောင်းရင်းမှာ Toyota ရဲ့ အဓိက ဈေးကွက်ဖြစ်တဲ့ ပြည်တွင်းနဲ့ အာရှဒေသအချို့ဟာ Covid-19 နဲ့ပတ်သက်ရင် ထိခိုက်မှုက ဥရောပထက် သက်သာရာရခဲ့တာဖြစ်သလို Toyota အနေနဲ့ Covid-19 အတွင်းမှာ သူတို့ရဲ့  ဖောက်သည်တွေကို ကြီးကြီးမားမားမဆုံးရှုံးလိုက်ရတာကလည်း အကြောင်းအရင်းတစ်ခုဖြစ်လိမ့်မည်။

ကားတွေရဲ့ ဝယ်လိုအားတက်လာသည်နှင့်အမျှ Toyota ရဲ့ စုစုပေါင်းဝယ်လိုအားအချိုးဟာ အထူးသဖြင့် hybrid ရဲ့ ဝယ်လိုအားဟာ  ၂၀၁၉ခုနှစ်က ၂၃% တိုးတက်ခဲ့သည်ဟုလည်း သိရသည်။

Ref::Autoblog
Photo credit :: Autoblog

Author