Toyota Myanmar မှ “ My Life, My Hilux” ဓါတ်ပုံ ပြိုင်ပွဲကို ကျင်းပသွားမည်

0

Full article

Toyota Myanmar မှ “ My Life, My Hilux” ဓါတ်ပုံ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Toyota Myanmar  ၏ “ My Life , My Hilux ” ဓါတ်ပုံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနေဖြင့် မိမိနှင့်အတူ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ ရဲဘော်ရဲဘက်များနှင့် Toyota Hilux Double Cab ကားဖြင့် ဓါတ်ပုံတွဲရိုက်ကာ ပါဝင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရန် လိုအပ်သောအချက်များမှာ ပထမဦးစွာ Toyota Myanmar Page ကို Like and Follow လုပ်ထားရမည်ဖြစ်ပြီး မိမိရိုက်ထားသည့် ဓါတ်ပုံကို မိမိ၏ Facebook timeline တွင် public setting ဖြင့်တင်ရမည်ဖြစ်သည်။

ထိုသို့တင်ရာတွင် #ToyotaMyanmar #ToyotaHilux#Mylifemyhilux တို့ဖြင့်တင်ရမည်ဖြစ်သည်။

ထို့နောက် မိမိ၏ Facebook Timeline ကို screenshot ရိုက်ကာ ပြိုင်ပွဲ၏ မူရင်း post အောက်ရှိ comment box  တွင် share ပေးရမည်ဖြစ်သည်။ ဆုချီးမြှင့်ရာတွင် category  ၃ ခုအလိုက်ချီးမြှင့်သွားမည်ဖြစ်ပြီး The coolest ၊ The toughest နှင့် The most useful ဟူ၍ ဆုပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲ၏ ရလဒ်ကို Toyota Myanmar မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် category တစ်ခုချင်းဆီမှ like အများဆုံးရရှိသည့် သုံးယောက်ကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။ Toyota Myanmar ၏ “ My Life, My Hilux” ဓါတ်ပုံပြိုင်ပွဲတွင် ဆုတစ်ခုချင်းစီအတွက်အမေရိကန်ဒေါ်လာ ၁,၀၀၀ စီ ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲစည်းကမ်းများအနေဖြင့် ဆုရွေးချယ်ရာတွင် တစုံတရာအငြင်းပွားစရာဖြစ်လာပါက Toyota Myanmar ၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ပုံများကို Toyota Myanmar မှ နောင်အခါ စီးပွားရေးကြော်ညာများနှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခွင့်ရရှိသွားမည်ဖြစ်ကြောင်းသိရသည်။

Author