အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်မည့် Toyota စက်ရုံ နှောင့်နှေး

0

Full article

ဘန်ကောက် — ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင် နိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စက်ရုံသစ်ဖွင့်လှစ်မှုကို ရွှေ့ဆိုင်းမည်ဟု Toyota Motor မှ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ အဆိုပါစက်ရုံသည် ယခု ဖေဖေါ်ဝါရီလအတွင်း ဖွင့်လှစ်မည်ဟု ရည်မှန်းထားခဲ့ကြခြင်းဖြစ်၏။

စစ်တပ်နှင့် များစွာသော ဆန္ဒထုတ်ဖေါ်သူများအကြား အစီအစဉ်အတိုင်း စက်ရုံဖွင့်လှစ်ဖို့ဆိုသည်မှာ ကြီးမားသည့်အခက်အခဲဖြစ်ကြောင်း ဂျပန်ကားထုတ်လုပ်ရေးမှ ဆုံးဖြတ်ခဲ့ကြသည်။

Toyota ၏ ရင်းမြစ်မှ

“စက်ရုံဖွင့်လှစ်ဖို့ဆိုတာဟာ ဆွေးနွေးဆဲအဆင့်မှာပဲရှိပါတော့တယ်” ဟု သိရသည်။

အဆိုပါစက်ရုံသည် ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့၊ သီလဝါစက်မှုဇုံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၂ သန်းအထိ ရှိသည်။ ထိုစက်ရုံသည် Hilux pickup ကားများကို အိမ်နီးခြင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့်အခြားနိုင်ငံများမှတဆင့် မော်တော်ယာဉ်အစိတ်ပိုင်းများကို တင်သွင်းကာ တပ်ဆင်ထုတ်လုပ်သွားမည့်စက်ရုံလည်းဖြစ်သည်။

အကယ်၍ Toyota သည် စစ်တပ်၏ အဏာသိမ်းယူမှုကြောင့် လမ်းပေါ်တွင် ဆန္ဒထုတ်ဖေါ်သူများစွာရှိနေချိန်အတွင်း ၎င်းတို့၏စက်ရုံအား ဆက်လက်ဖွင့်လှစ်ခဲ့ပါက အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံသလိုဖြစ်ပြီး ဝေဖန်မှုများစွာကို ပြည်သူလူထုအပြင် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများထံမှပါ ခံရဖွယ်ရာရှိနေသည်။

စစ်အာဏာသိမ်းမှုနောက်တွင် စက်ရုံဖွင့်လှစ်ခြင်းမှာ လွန်စွာခက်ခဲမည်ဖြစ်သည်။ အလုပ်သမားပေါင်းများစွာသည် စစ်တပ်ဆန့်ကျင့်ရေး စုပေါင်းဆန္ဒထုတ်ဖေါ်နေကြချိန်အတွင်း ဖွင့်လှစ်မည်ဆိုသည်မှာ ပို၍ပင် ခက်ခဲလှ၏။ ထို့အပြင် စက်ရုံဖွင့်လှစ်မှုသာမက၊ ငွေကြေးမြတ်စွန်းခြင်းနှင့် အခွန်အခဆောင်ခြင်းတို့တွင်လည်း တရားမဝင် စစ်အာဏာသိမ်းမှုအောက်တွင်ဖြစ်နေခြင်းကြောင့် ခက်ခဲနေရခြင်းဟုလည်း ဆိုနိုင်ပေသည်။

လူဦးရေ သန်း ၅၀ ရှိသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စီးပွားရေးအရ ရှေ့တန်းရောက်ရှိလာမည်နိုင်ငံဟု နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အာဏာသိမ်းမှုမတိုင်မီက သတ်မှတ်ခဲ့ကြသည်။ မော်တော်ယာဉ်ထုတ်လုပ်မှုအပိုင်းတွင် ဂျပန်မှ Suzuki နှင့် တောင်ကိုရီးယားမှ Hyundai  တို့သည် မြန်မာနိုင်ငံအတွင်း စက်ရုံများဖွင့်လှစ်ခဲ့ပြီးလည်းဖြစ်သည်။

Ref: Toyota delays opening of new Myanmar plant in wake of coup

Author