Suzuki မော်တော်ကားစက်ရုံများ မပိတ်သိမ်း

0

Full article

Suzuki မော်တော်ကားစက်ရုံများအနေဖြင့် ပိတ်သိမ်းခြင်းမဟုတ်ပဲ ဆက်သွယ်ရေးကွန်ယက်များ တည်ငြိမ်မှုမရှိခြင်းနှင့် ဝန်ထမ်းများ၏လုံခြုံရေးအရ  ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ခေတ္တရပ်ဆိုင်းထားခြင်းသာဖြစ်ကြောင်း Suzuki Myanmar Motor ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာပြီးခဲ့ပြီးနောက် အင်တာနက်နှင့် Mobile Phone ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့သဖြင့်  Suzuki ၏ မော်တော်ကားစက်ရုံများတွင် အသုံးပြုနေသော အရဉ်အသွေးစစ်ဆေးရေးလုပ်ငန်းစဉ်များသည် ဆက်သွယ်ရေးကွန်ယက်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရသဖြင့် ကွန်ယက်တည်ငြိမ်မှုမရှိသောကြောင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့ရခြင်းနှင့် အရေးပေါ်အခြေအနေကြေညာခြင်း၊ ဆက်သွယ်ရေးကွန်ယက်များ ပြတ်တောက်မှုကြောင့် ဝန်ထမ်းများ၏ လုံခြုံရေးအခြေအနေ အရလည်းကောင်း မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ယာယီရပ်ဆိုင်းခဲ့ခြင်းသာဖြစ်ကြောင်း Suzuki Myanmar Motor  မှ အသိပေးကြေညာထားပါသည်။ ကုန်ထုတ်လုပ်မှုဆိုင်ရာ ဆက်သွယ်ရေးကွန်ယက်များစိတ်ချရမှုအခြေအနေနှင့် လုံခြုံရေးအခြေအနေများ တည်ငြိမ်စိတ်ချရမှုအခြေအနေသို့ ရောက်ရှိလာပါက စက်ရုံများအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နှင့် လတ်တလောပေါ်ဖြစ်ပေါ်နေသည့် ကောလဟာလများကြောင့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ကြပါရန် Suzuki Myanmar Motor မှ ထုတ်ပြန်ကြေညာထားပါသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေ ကြေညာပြီးနောက် Suzuki မော်တော်ကားထုတ်လုပ်သည့်စက်ရုံများ ပိတ်သိမ်းသွားပြီဟူသည့် သတင်းများသည် လူမှုကွန်ယက်စာမျက်နှာများတွင် ပေါ်ထွက်နေခြင်းကြောင့် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်။ ..

Author