Premier Automotive Ltd (PAL) ၏ Geely Showroom သစ်ကို မန္တလေးမြို့တွင် ဖွင့်လှစ်

0

Full article

Premier Automotive Ltd (PAL) ၏ Geely Showroom သစ်ကို မန္တလေးမြို့၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

CDSG ၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်သည့် Premier Automotive Ltd (PAL) သည် မြန်မာနိုင်ငံတွင် Geely အမှတ်တံဆိပ်၏ တရားဝင်တင်သွင်းဖြန့်ချိသူဖြစ်ပြီး Geely မန္တလေး အရောင်းပြခန်းကို ဇန်နဝါရီ ၅ ရက်တွင် ပထမဆုံးဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ Geely မန္တလေး Showroom တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည့် Geely Coolry ၏ Comfort ၊ Luxury နှင့် Sport တို့ကို ပြသရောင်းချသွားမည်ဖြစ်ပြီး မန္တလေးအရောင်းပြခန်းဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၃၁ ရက်အထိ Geely Coolray မော်ဒယ်များကို ကျပ် ၁၉ သိန်းအထိ အထူးလျှော့ဈေးဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့အပြင် Special Promotion package အဖြစ် 3M Window Film ၊ Floor Mats ၊ 1 Year Roadside Assist ၊Power Tailgate (Sport Grade သီးသန့်) နှင့်၃နှစ် (သို့) ကီလိုမီတာ ၆၀,၀၀၀ အခမဲ့ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု တို့ကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် Coolray မော်ဒယ်ကားများကို ၅ နှစ် (သို့) ကီလိုမီတာ ၁၅၀,၀၀၀ အာမခံဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး MCB Bank ၊ AYA Bank တို့နှင့်ချိတ်ဆက်ကာ ၂၀% Down Payment ဖြင့် ၅ နှစ်အထိ အရစ်ကျစနစ်များဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ Geely မန္တလေး အရောင်းပြခန်းကို အမှတ် ( ၄၀၊ ၄၁၊ ၄၂၊ ၄၃( ၇၃  လမ်း၊ ၂၇ x ၂၈ လမ်းကြား၊ ချမ်းအေးသာဇံ မြို့နယ်တွင် နံနက် (၈း၃၀) မှ ညနေ (၆:၃၀) အချိန်အတွင်း နေ့စဉ်ဖွင့်လှစ်ပြသရောင်းချသွားမည်ဖြစ်ပြီး  Test Drive ကားများလည်း စီစဉ်ပေးထားကြောင်းသိရသည်။

Author