မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီများအား ကနဦးယာဉ်မှတ်ပုံတင်ခြင်းကို online booking စနစ်သို့ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပြီး ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းပုံကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။










မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီများအား online booking စနစ်ဖြင့် ကနဦးမှတ်ပုံတင်ခြင်းအား ၂၀.၁.၂၀၂၁ ရက်နေ့တွင် စတင်ဆောင်ရွက်ပေးသွားဖြစ်ပြီး ကြိုတင်ရက်ချိန်းရယူခြင်းကို ၁၈.၁.၂၀၂၁ ရက်နေ့မှ စတင်ကာ အနည်းဆုံး (၁) ရက်မှ အများဆုံး (၁၀) ရက်အထိ မိမိဆောင်ရွက်လိုသည့်နေ့ရက်ကို ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။