၂၀၂၀ ပြည့်နှစ် အတွင်း Brand New မော်တော်ယာဉ်အစီးရေပေါင်း ၁၇,၀၀၀ ကျော် ရောင်းချခဲ့ရ

0

Full article

၂၀၂၀ ပြည့်နှစ် အတွင်း Brand New မော်တော်ယာဉ်အစီးရေပေါင်း ၁၇,၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း Automotive Association of Myanmar (AAM) ထံမှသိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း၌ Brand New မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၁၇,၇၀၇ စီး ရောင်းချခဲ့ရပြီး လအလိုက် ရောင်းချခဲ့ရသည်မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၂,၀၂၉ စီး၊ ဖေဖော်ဝါရီလတွင် ၂,၂၇၉ စီး၊ မတ်လတွင် ၁,၉၉၇ စီး၊ မေလတွင် ၁,၂၈၂ စီး၊ ဇွန်လတွင် ၂,၀၃၂ စီး၊ ဇူလိုင်လတွင် ၂,၃၄၁ စီး၊ ဩဂုတ်လတွင် ၂,၃၁၇ စီး၊ စက်တင်ဘာလတွင် ၁,၁၅၆ စီး၊ ဒီဇင်ဘာလတွင် ၂,၂၇၄ စီး တို့အသီးသီး ရောင်းချခဲ့ရကြောင်း Automotive Association of Myanmar (AAM) ထံမှသိရသည်။ ဧပရယ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို COVID -19 ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့သည့်အတွက် ကနဦးယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ရပ်နားထားချိန်ဖြစ်ကြောင်းသိရသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ရောင်းချခဲ့သည့် Band New မော်တော်ယာဉ်များအနက် Suzuki အမှတ်တံဆိပ်သည် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း အစီးရေ ၉,၀၃၆ စီးရောင်းချခဲ့ရကြောင်း AAM ထံမှသိရသည်။

Suzuki အမှတ်တံဆိပ်ပြီးပါက ဒုတိယရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်မှာ Toyota အမှတ်တံဆိပ်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်အတွင်း အစီးရေပေါင်း ၃,၃၃၅ စီး ရောင်းချခဲ့ရကြောင်းသိရသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိစာရင်းများအရ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ရောင်းချခဲ့ရမှုမှာ ၂၀၁၉ ခုနှစ် ကာလတူထက် ၇.၃ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း Asean Automotive Federation (AAF) ၏ ထုတ်ပြန်ချက်များအရသိရသည်။

Author