CDM လှုပ်ရှားမှုတွင် အထောက်အပံ့အဖြစ် ပါဝင်လာသည့် မော်တော်ကားများ

0

Full article

၁၇၊ ၂၊ ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် မော်တော်ယာဉ်များ စက်ချို့ယွင်းသည့်ပုံစံဖြင့် ကားများကို ရပ်တန့်ကာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၏၊ လူစည်ကားရာနေရာအချို့တွင် မော်တော်ယာဉ် အမြောက်အမြားသည် CDM လုပ်ဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများအားလည်းကောင်း၊ "သန်းချီစုဝေး အမေစုလွတ်မြောက်ရေး" ဟူသော ကြွေးကြော်သံနှင့်အတူ ဆူးလေဘုရားလမ်တွင် စုဝေးကြမည့် စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင့်သည့် သိန်းပေါင်းများစွာသော လူထုကို အထောက်အပံ့ဖြစ်စေရန်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စက်ချို့ယွင်းသည့်ပုံစံ၊ ကြံ့ခိုင်ရေးမကောင်းသည့် ပုံစံများပြုလုပ်ကာ တတပ်တအား ပါဝင်ခဲ့ကြသည်။

မော်တော်ယာဉ်အများအပြား စက်ချို့ယွင်းသည့်နေရာများမှာ မဟာဗန္ဒုလ တံတား၊ ဆူးလေအနီးတစ်ဝိုက်၊ မြေနီကုန်းတံတားအောက် စသည့် ရန်ကုန်မြို့၏ မော်တော်ယာဉ်သွားလာမှုများပြားသည့်နေရာများတွင် ဖြစ်ပွားခဲ့ပြီး အိမ်စီးမော်တော်ယာဉ်၊ ခရီးသည်တင်မော်တော်ယာဉ်၊ အငှားယာဉ်၊ ဝန်ပေါ့ကုန်တင်ယာဉ် စသဖြင့် ယာဉ်အမျိုးအစားစုံလင်ခဲ့ကြောင်းသိရသည်။

ယနေ့ ၁၈၊ ၂၊ ၂၀၂၁ ခုနှစ်တွင်မှု ယာဉ်ထိန်းရဲများမှ မဟာဗန္ဓုလတံတားတွင် ကားများ အစုလိုက်အပြုံလိုက်ထပ်မံ ပျက်မည်လားဟု လာရောက်စောင့်စိုင်းနေကြပါသော်လည်း ယခုအချိန်အထိ တတပ်တအားပျက်သည့် ကားများမရှိသေးကြောင်းကိုလည်း သိရသည်။

Photo Credit to Original Uploader

Author