၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ကနဦးယာဉ်မှတ်ပုံတင် ဌာနတွင် ယာဉ်သစ်အစီးရေပေါင်း လေးထောင့်ခုနှစ်ရာကျော် မှတ်ပုံတင်ခဲ့

0

Full article

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ကနဦး ယာဉ်မှတ်ပုံတင် ဌာနတွင် ယာဉ်သစ်အစီးရေပေါင်း ၄,၇၀၀ ကျော် ကနဦးမှတ်ပုံတင်ခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ် မှတ်ပုံတင်ဌာန ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း၌ ကနဦးယာဉ်မှတ်ပုံတင်ဌာနတွင် လာရောက်မှတ်ပုံတင်သော  မော်တော်ယာဉ်သစ်စီးရေ ၄,၇၁၅ စီး ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်ဌာနထံမှသိရသည်။ ၎င်းတို့အနက် ပြည်ပတင်သွင်းမော်တော်ယာဉ် ၂,၈၄၅ စီး၊ ပြည်တွင်း SKD စနစ်ဖြင့်ထုတ်လုပ်သောမော်တော်ယာဉ် ၁,၈၆၉ စီးနှင့် ပြည်တွင်းစက်မှုဇုန်ထုတ်ယာဉ် ၁ စီး တို့ဖြစ်ကြောင်းသိရသည်။ ပြည်ပတင်သွင်းမော်တော်ယာဉ်များတွင် လူစီးမော်တော်ယာဉ် ၁,၆၂၆ စီး၊ ခရီးသည်တင်ယာဉ် ၂၇ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ် ၅၈၁ စီး၊ ဝန်လေးကုန်တင်ယာဉ် ၁၉၇ စီးနှင့် အခြားအမျိုးအစားယာဉ် ၄၁၄ စီးတို့ဖြစ်သည်။ ပြည်တွင်း SKD စနစ်ထုတ် မော်တော်ယာဉ်များတွင် လူစီးမော်တော်ယာဉ် ၁,၅၉၉ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ် ၂၆၉ စီး၊ အခြားအမျိုးအစားမော်တော်ယာဉ် ၁ စီးတို့နှင့် ပြည်တွင်းစက်မှုဇုန်ထုတ် ခရီးသည်တင် မော်တော်ယာဉ် ၁ စီးတို့ ကနဦးမှတ်ပုံတင်ခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင် ဌာနထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ စာရင်များအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသောမော်တော်ယာဉ်အစီးရေ ၁,၁၂၀,၇၁၄ စီးရှိနေပြီး လူစီးမော်တော်ယာဉ် ၅၈၀,၅၈၉ စီး၊ ခရီးသည်တင်မော်တော်ယာဉ် ၅၃,၉၄၅ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ် ၃၃,၆၁၂ စီး၊ ဝန်လေးကုန်တင်ယာဉ် ၅၀,၈၉၆ စီး၊ အခြားအမျိုးအစားယာဉ် ၁၀၂,၆၇၂ စီး တို့ဖြစ်ကြောင်းသိရသည်။

Author