Hyundai Motor Myanmar နှင့် Shwe Daehan Motor တို့မှ ၂၀၂၁ ခုနှစ်၏ မော်ဒယ်သစ် The New H-1 2021 ကို စတင်မိတ်ဆက်

0

Full article

Hyundai Motor Myanmar နှင့် Shwe Daehan Motor တို့မှ ၂၀၂၁ ခုနှစ်၏ မော်ဒယ်သစ်ဖြစ်သော ၁၂   ယောက်စီး The New H-1 2021 ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင်  Online မှ တိုက်ရိုက်ထုတ်လွှင့်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ လေ့လာသုံးသပ်မိသလောက် မြန်မာနိုင်ငံက လူအများစုက မျိုးဆက် သုံးဆက်ကနေ လေးဆက်အထိ စုပေါင်းနေထိုင်တာကို တွေ့ရှိရတယ်။ ဒီအချက်ကိုအခြေခံပြီးတော့ စုပေါင်းသုံးဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းသုံးဖို့ပဲဖြစ်ဖြစ် ထိုင်ခုံတွေအများကြီးပါတဲ့ ကားတစ်စီးလိုအပ်နေတာကို တွေ့ရှိလိုက်တဲ့အတွက် All New H-1 2021 ၁၂ယောက်စီး ကားကို ထုတ်လုပ်လိုက်တာပဲ ဖြစ်တယ်”

ဟု Shwe Daehan Motor ၏  Sales Representative ဖြစ်သူ Mr. Yu Ko မှ All New H-1 2021 ကားထုတ်လုပ်ရခြင်းရည်ရွယ်ချက်ကို   ပြောကြားခဲ့ရာ တွင် ထည့်သွင်းပြောကြားခဲ့သည်။  

Hyundai All New H-1 2021 တွင် NEW PROJECTION  HEADLAMP ၊ New Fog Lamp ၊ ELECTRIC FOLDING OUTSIDE MIRROR ၊ WITH SIDE REPEATER ၊ SAFETY BLOCK SYSTEM ၊ NEW REAR LED ၊ COMBINATION LAMPS  ၊ DUAL POWER SLIDING DOOR ၊ TILT AND TELESCOPIC ၊ STEERING WHEELS ၊ AUTO LIGHT CONTROL  ၊ 8-INCH TOUCHSCREEN  ၊ ANDROID INFOTAINMENT ၊ SHIFTRONIC ၊ ELECTRONIC CHROMIC MIRROR ၊ SLIDE DOOR SWITH ၊ PLENTY OF SPACE စသည့် Feature များပါဝင်ကြောင်းသိရသည်။

Hyundai All New H-1 2021 သည်  Shwe Daehan Motor မှ SKD စနစ်နဲ့ ထုတ်လုပ်ထားသည့် ကားဖြစ်သောကြောင့် ရန်ကုန်လိုင်စင်ပါ တစ်ပါတည်းရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၄၈၉သိန်း ကျသင့်မည်ဖြစ်ကာ Early Booking တင်ချင်သူများအနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် အချိန် ၂၄နာရီအတွင်းသာ မှာယူရရှိနိုင်မှာဖြစ်သလို Early Booking ဖြင့် ပထမဆုံးမှာယူသည့် Customers ၁၀ ဦးကိုလည်း ငွေကျပ်သုံးသိန်းတန်ဖိုးရှိတဲ့ ဆီဖြည့်ကတ်ကို လက်ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Hyundai All New H-1 2021 ကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့်လည်း ၂၀% Dawnpayment ဖြင့်  အရစ်ကျဝယ်ယူလို့ရမည်ဖြစ်သလို၊ အရစ်ကျဝယ်ယူနိုင်မည့်ကာလမှာ အများဆုံးငါးနှစ်အထိ ဖြစ်သည်။ Hyundai အမှတ်တံဆိပ်သည် ကမ္ဘာ့ကားဈေးကွက်တွင် ရောင်းအားအကောင်းဆုံးနံပါတ် ၄ နေရာတွင် ရောက်ရှိနေပြီး  မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံများတွင်ပါ နှစ်စဉ် အစီးရေ သောင်းဂဏန်းအထိ ရောင်းချနေရသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

Author